အ႐ုပ္ကေလးေတြကို ရင္ခြင္ေသးေသးေလးထဲ ပိုက္ကာ ညီေလး၊ ညီမေလးသဖြယ္ အခ်စ္ပိုေနတဲ့ မိုးယုရဲ႕ သားသားေလး

သ႐ုပ္ေဆာင္ မင္းသမီး မိုးယုစံကေတာ့ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတဲ့ သူပါေနာ္။ သူမကေတာ့ မင္းသားရႈံးေလာက္ေအာင္ ခန္႔ညားေခ်ာေမာတဲ့ ခင္ပြန္းသည္ကို ပိုင္ဆိုင္ထားၿပီး နားလည္ဂ႐ုစိုက္ၾကင္နာေပးသူမို႔ မိန္းကေလးပရိသတ္ေတြရဲ႕ စံျပအမ်ိဳးသမီးလည္း ျဖစ္လို႔ေနပါတယ္။ မိုးယုက အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္းမွာ ဘဝကို ေအးခ်မ္းေပ်ာ္႐ႊင္စြာျဖတ္သန္းေနၿပီး အႏုပညာလႈပ္ရွားမႈေတြကို ရပ္နားထားသူပါေနာ္။

ခ်စ္စရာေကာင္းတဲ့ သားသားေလးကို ေမြးဖြားပိုင္ဆိုင္ထားၿပီး မိုးယုက ေနာက္ထပ္ရင္ေသြးေလးကိုလည္း လြယ္ထားပါေသးတယ္ေနာ္။ သားသားေလး Austin ကို မိုးယုက သူမကိုယ္တိုင္ ေသခ်ာဂ႐ုစိုက္ ပ်ိဳးေထာင္ေနတာျဖစ္လို႔ ျမင္သူတိုင္းခ်စ္တဲ့ သားလိမၼာေလးလည္း ျဖစ္လို႔ေနပါတယ္။ Austin မေမြးဖြားရေသးတဲ့ ေမေမ့ဗိုက္ထဲက ကေလးေလးကိုလည္း အခုထဲက အသည္းယားခ်စ္ေနတာကိုလည္း ေတြ႕ရပါတယ္။

ေန႔မွာေတာ့ Austin က ကေလးပီပီ ေဆာ့ကစားေနရင္း အ႐ုပ္ေလးေတြကို ညီေလး၊ ညီမေလးသဖြယ္ ရင္ခြင္ေသးေသးေလးထဲပိုက္ကာ အခ်စ္ပိုေနခဲ့တာပါ။ သားသားေလးရဲ႕ ေကာင္းမြန္တဲ့ လုပ္ရပ္ကို ၾကည့္ၿပီး ေမေမ မိုးယုက အမွတ္တရပုံေလး ႐ိုက္ကူးကာ ” ကေလး သုံးေယာက္ကို ခ်စ္တာ အကိုႀကီးပီသၿပီး လူႀကီးဆန္တဲ့သားသားေလး ” ဆိုၿပီး လူမႈကြန္ယက္ထက္မွာ ေရးသားတင္ေပးလာတာေၾကာင့္ ျပန္လည္ေဝမွ်လိုက္ပါတယ္ေနာ္….. ။

Photo credit – Moe Yu San

credit – Myanmarload

Unicode

အရုပ်ကလေးတွေကို ရင်ခွင်သေးသေးလေးထဲ ပိုက်ကာ ညီလေး၊ ညီမလေးသဖွယ် အချစ်ပိုနေတဲ့ မိုးယုရဲ့ သားသားလေး

သရုပ်ဆောင် မင်းသမီး မိုးယုစံကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူပါနော်။ သူမကတော့ မင်းသားရှုံးလောက်အောင် ခန့်ညားချောမောတဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားပြီး နားလည်ဂရုစိုက်ကြင်နာပေးသူမို့ မိန်းကလေးပရိသတ်တွေရဲ့ စံပြအမျိုးသမီးလည်း ဖြစ်လို့နေပါတယ်။ မိုးယုက အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ ဘဝကို အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေပြီး အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားသူပါနော်။

ချစ်စရာကောင်းတဲ့ သားသားလေးကို မွေးဖွားပိုင်ဆိုင်ထားပြီး မိုးယုက နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားပါသေးတယ်နော်။ သားသားလေး Austin ကို မိုးယုက သူမကိုယ်တိုင် သေချာဂရုစိုက် ပျိုးထောင်နေတာဖြစ်လို့ မြင်သူတိုင်းချစ်တဲ့ သားလိမ္မာလေးလည်း ဖြစ်လို့နေပါတယ်။ Austin မမွေးဖွားရသေးတဲ့ မေမေ့ဗိုက်ထဲက ကလေးလေးကိုလည်း အခုထဲက အသည်းယားချစ်နေတာကိုလည်း တွေ့ရပါတယ်။

နေ့မှာတော့ Austin က ကလေးပီပီ ဆော့ကစားနေရင်း အရုပ်လေးတွေကို ညီလေး၊ ညီမလေးသဖွယ် ရင်ခွင်သေးသေးလေးထဲပိုက်ကာ အချစ်ပိုနေခဲ့တာပါ။ သားသားလေးရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကို ကြည့်ပြီး မေမေ မိုးယုက အမှတ်တရပုံလေး ရိုက်ကူးကာ ” ကလေး သုံးယောက်ကို ချစ်တာ အကိုကြီးပီသပြီး လူကြီးဆန်တဲ့သားသားလေး ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားတင်ပေးလာတာကြောင့် ပြန်လည်ဝေမျှလိုက်ပါတယ်နော်….. ။

Photo credit – Moe Yu San

credit – Myanmarload

  • Leave a Comment