



photo credit-Eint Chit

credit – Myanmarload

Unicode

မိန်းမဖြစ်သူရန်ကုန်ပြန်တော့မယ်ပြောလိုက်လို့ ဖြစ်ပျက်သွားတဲ့ခင်ပွန်းရဲ့မျက်နှာကို အမိအရရိုက်ထားပြီး ဆေးထိုးလိုက်တဲ့အိမ့်ချစ်

ပရိသတ်ကြီးရေ…..အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုတတ်ပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အိမ့်ချစ်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အခုဆိုရင် ကြည်နူးအားကျစရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ပြီးတော့ လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။

အိမ့်ချစ်ရဲ့ ခင်ပွန်းဖြစ်သူဟာလည်း အိမ့်ချစ်အပေါ်ကိုနားလည်မှုအပြည့်ပေးပြီး ဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် အိမ့်ချ‌စ်တစ်ယောက် စိတ်ချမ်းသာနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဟာ အလုပ်ကြိုးစားတဲ့သူလည်းဖြစ်ပြီးတော့ အခုဆိုရင်လည်း အလုပ်ရှိရာဘန်ကောက်မှာသွားရောက်နေထိုင်နေတာဖြစ်ပြီး အိမ့်ချစ်လည်း လိုက်သွားကာ အတူနေထိုင်နေကြတာလည်းဖြစ်ပါတယ်….။

အိမ့်ချစ်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဘန်ကောက်မှာ ၂လကျော်ကြာနေထိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မြန်မာပြည်ကိုခဏပြန်လာမှာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း အိမ့်ချစ်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “သဘက်ခါ ရန်ကုန်ပြန်တော့မယ်ဆိုလို့ ဖြစ်ပျက်နေတဲ့ရုပ်၂လ လေးပဲနေမှာပါလို့ပြောလိုက်တာကို” ဆိုတဲ့ captionလေးနဲ့အတူ ခင်ပွန်းဖြစ်သူရဲ့ မျက်နှာလေးကို အမိအရရိုက်ပြီးဆေးထိုးလိုက်တာဖြစ်ပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Eint Chit

credit – Myanmarload

  • Leave a Comment