




credit – Myanmarload

Unicode

စကားပြောဆိုတာ အရမ်းပြေပြစ်ပြီး ချိုသာလို့ (၂)နာရီခွဲနဲ့တင် အထည်(၂၂၀)ကျော်တောင် ရောင်းလိုက်ရတဲ့ မေကဗျာ

ပရိသတ်ကြီးရေ မင်းသမီးချောမေကဗျာက ယခုလိုကိုဗစ်ကာလမှာတော့ သူမစက်ရုံကထွက်တဲ့ အထည်တွေကိုလည်း Liveလွှင့်ပြီး ရောင်းချနေတာဖြစ်ပါတယ်။ရတနာပစ္စည်းတွေနဲ့ တခြားBrandတွေကိုလည်း မေကဗျာက Liveလွှင့်ပြီး ရောင်းချပေးနေတာဖြစ်လို့ သူမရဲ့ရောင်းအားကလည်း အရမ်းတက်ပါတယ်နော်။မေကဗျာတို့ အနုပညာမောင်နှမတွေက အခုလိုအချိန်မျိုးမှာ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကို တက်တက်ကြွကြွလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

မေကဗျာက မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း စီးပွားရေးကို ကျွမ်းကျင်စွာလုပ်ဆောင်တတ်ပြီး စကားပြောဆိုတာလည်း ပြေပြစ်ပါတယ်နော်။စိတ်သဘောထားပြည့်ဝပြီး မျက်နှာလေးက အမြဲပြုံးချိုနေတတ်လို့ မေကဗျာက လူချစ်လူခင်လည်း ပေါများနေတာဖြစ်ပါတယ်။မေကဗျာကတော့ သူမရဲ့ စက်ရုံကိုလည်း ပုံမှန်လည်ပတ်အောင် ကြိုးစားနေတာဖြစ်ပြီး စီးပွားရေးအကွက်လည်းမြင်တတ်ပါတယ်နော်။

အခုဆိုရင်လည်း မေကဗျာက အထည်တွေကို Liveလွှင့်ပြီးရောင်းတာ (၂)နာရီခွဲနဲ့တင် အထည်(၂၂၀)ကျော်ကုန်သွားတာဖြစ်ပါတယ်။မေကဗျာကတော့”အထည် ၂၂၀ ကျော်ရောင်းရခြင်းအမှတ်တရပြသမျှအကုန်ကုန် ရှိသမျှအကုန်ထွက် အားပေးသူတစ်ယောက်ချင်းစီတိုင်း ကျေးဇူးပါ အထည်မရလိုက်တဲ့သူများ အနူးအညွှတ်တောင်းပန်ပါတယ်ရှင့် Roseprincess မိသားစု”ဆိုပြီး အားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ်နော်။

Photo Credit:May Kabyar

credit – Myanmarload

  • Leave a Comment