




credit – Myanmarload

Unicode

ချစ်ရသူလေးနဲ့အတူ ပထမဆုံးရင်သွေးလေးကို ရရှိသွားလို့ကြည်နူးပျော်ရွှင်နေတဲ့ သရုပ်ဆောင် စည်ဖြိုး

ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိလာခဲ့သူကတော့ သရုပ်ဆောင် စည်ဖြိုးပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်ကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်လာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ စည်ဖြိုးဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်မှာပါ ထူးချွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခြင်ူမရှိသေးဘဲ ဂီတဘက်ကိုသာ အားစိုက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့ ချစ်သူနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို အတူလျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ပရိသတ်တွေကိုအံ့အားသင့်သွားစေမယ့်အရာတစ်ခုထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ စည်ဖြိုးဟာ ” Suprised Pregnency Shocked ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း ဒီပို့စ်အောက်မှာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Si Phyo

credit – Myanmarload

  • Leave a Comment