




credit – Myanmarload

Unicode

ဈေးရောင်းနေရင်းနဲ့အုပ်စိုးခန့်ဆိုထားတဲ့သီချင်းကိုသူမရဲ့အဖြစ်နဲ့တူနေတာကြောင့်နောက်ကနေလိုက်ဆိုနေတဲ့ ထက်ထက်ရဲ့Video လေး

ကြော်ငြာဘုရင်မလို့ ခေါ်ဆိုရလောက်အောင် ယနေ့ထက်ထိ အောင်မြင်မှုသရဖူဆောင်းထားနိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖြူစင်ပြီး လူတိုင်းအပေါ်ကိုလည်း ကူညီချင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလော Live Sales တွေမှာလည်း ထက်ထက်တစ်ယောက် သိမ်းပိုက်ထားနေဆဲပါ။

သူမရောင်းချတဲ့ ရတနာပစ္စည်းတွေကိုလည်း အပြောချိုချိုလေးနဲ့ ရောင်းချတာကြောင့်လည်း ထက်ထက်ရဲ့Live တွေကို ပရိသတ်တွေအားလုံးက စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ထက်ထက်ရဲ့ ဖက်ရှင်လေးတွေကလည်း လုံလုံခြုံခြုံလေးတွေနဲ့ အမြဲကို ကြည့်ကောင်းနေတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများကပါ ထက်ထက်ရဲ့Live ကို အားပေးကြည့်ရှုနေကြတာပါ။

မနေ့ညကလည်း အဆိုတော် အုပ်စိုးခန့်ရဲ့Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူပြန်လည် သီဆိုထားတဲ့ ” ပိုင်ရှင် ” ဆိုတဲ့ သီချင်းလေးကို မထက်က Live လွှင့်ရင်း ဆိုနေတာကြောင့် ချစ်မဝ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htet Htet Moe Oo

credit – Myanmarload

  • Leave a Comment