




credit – Myanmarload

Unicode

Unicode

ကိုဗစ်မရှိတော့ရင် လမ်းမပေါ်ထွက်ပြီးဒွန့်ဖို့အတွက် နမူနာကနေကြတဲ့ သားအမိနှစ်ယောက်ကို ဆေးထိုးလိုက်တဲ့ ဖွေးစိန်ရဲ့ဖေဖေ

ပရိသတ်ကြီးရေ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားတာကြောင့် အောင်မြင်မှုရဲ့အသီးအပွင့်တွေကိုလည်း ခံစားနေရတာဖြစ်ပါတယ်။ဖွေးစိန်လေးက မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်နော်။ဖွေးစိန်လေးရဲ့ ပရိသတ်အင်အားကလည်း အခိုင်အမာရှိပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

ဖွေးစိန်လေးက အခုအရွယ်ထိတိုင် နုငယ်ပျိုမျစ်ပြီး ဆယ်ကျော်သက်အရွယ်လေးလို လှသွေးကြွယ်နေဆဲဖြစ်ပါတယ်။ဖွေးစိန်ကတော့ မိသားစုထဲမှာ အကြီးဆုံးဖြစ်ပြီး ဖေဖေနဲ့မေမေကို လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးဖြစ်ပါတယ်။ဖွေးစိန်ရဲ့ဖေဖေနဲ့မေမေကလည်း အရမ်းချောကြပြီး ခေတ်လူငယ်တွေနဲ့အမှီလိုက်နိုင်လို့ ဖွေးဖွေးနဲ့ဆိုရင် အပြန်အလှန် စနောက်ကျီစယ်နေကြတာပဲဖြစ်ပါတယ်နော်။

အခုဆိုရင်လည်း ဖွေးစိန်ရဲ့ဖေဖေက အပီအပြင်ဒွန့်နေတဲ့ သမီးကို CCTVက ဗီဒီယိုနဲ့ ဆေးထိုးလိုက်တာဖြစ်ပါတယ်။”ပျော်လိုက်တာ သားအမိနှစ်ယောက်..ကျွန်တော့်ရဲ့ CCTV. …ဆေးနည်းနည်းထိုးCCTV(ငဗစ်မရှိတော့ရင်လမ်းမမှာအဲ့လိုထွက်ကမတဲ့လေ)ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းတွေပျော်စေချင်လို့ပါဟိဟိ”ဆိုပြီး CCTVက ဗီဒီယိုဖိုင်တွေကို ချစ်ပရိသတ်ကြီးအတွက် ထုတ်ပြလိုက်တာဖြစ်ပါတယ်နော်။

Video Credit:Kyaw Kyaw Win

credit – Myanmarload

  • Leave a Comment