Swelsone News
Unicode
ထက်ထက်ကို ချစ်လို့ Live ကနေ သိန်း (၅၀၀) ကျော်ဖိုး စိန်ထည်ပစ္စည်းတွေ ဝယ်ယူအားပေးခဲ့တဲ့ စမိုင်းလ်
စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ စမိုင်းလ်က ထက်ထက်မိုးဦးကို ချစ်လို့ ထက်ထက်ရဲဲ့ Live ကနေ ရတနာပစ္စည်းတွေ ဝယ်ယူအားပေးခဲ့တာပဲဖြစ်ပါတယ်။ ထက်ထက်ရဲ့ Live ကနေ လက်စွပ်ရယ် နားကပ်ရယ် စွဲကြိုးရယ်ကို သိန်း (၅၀၀) ကျော်ဖိုး ဝယ်ယူအားပေးခဲ့တာပဲဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ထက်ထက် ကိုချစ်လို့ ဝယ်ယူအားပေးခဲ့တာလို့ပြောခဲ့ပါတယ်။ စမိုင်လ်းကတော့ စိန်ကြိုးလေးကို သိန်း (၄၂၀) နဲ့ ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။
Swelsone News
  • Leave a Comment