



Source: May KhaLar

Unicode

စေတနာထားပြီးအလုပ်လုပ်ပေးခဲ့တာကြောင့် မေတ္တာရောင်ပြန်ဟပ်တဲ့အနေနဲ့ (၈၃) သိန်းတန်လက်ကောက် လက်ဆောင်ရရှိခဲ့တဲ့ မေခလာ

“ချစ်ငယ်”လို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော် မေခလာကတော့ စတူဒီယိုခေတ်ကတည်းကနေ အခုချိန်ထိ အောင်မြင်မှုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ မေခလာက သရုပ်ဆောင်ရန်ကျော်နဲ့အတူတူ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့မိသားစုလေးကို တည်ဆောက်ထားပြီး အနုပညာအလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စေတနာထားပြီးအလုပ်လုပ်ပေးခဲ့တာကြောင့် မေတ္တာရောင်ပြန်ဟပ်တဲ့အနေနဲ့ (၈၃) သိန်းတန်လက်ကောက် လက်ဆောင်ရရှိခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ပရိတ်သတ် ချစ်ခင်အားပေးမှု့ ကို အထူးကျေးဇူးတငိပါတယ် ချစ်ငယ်တို့ ဒီနေ့ Imperial Diamond live စိန်ရတနာ ရောင်းတာ ပင်ပန်းခဲ့ပေမဲ့ ရောင်းကောင်းတဲ့အတွက် ပျော်ခဲ့ရပါတယ် Live ရောင်းပြီးတဲ့အထိ့ ထပ်မံ messenger ထဲမှ့ live မမှီတဲ့သူတွေ ထပ်မံ ဝယ်ယူနေကြတဲ့အတွက်လဲ ပိုပြီး ဝမ်းသာခဲ့ရပါတယ် 🥰🥰🥰နောက်တခု့ ဝမ်းသာဆုံးကတော့ ချစ်ငယ်အတွက် ဈေးရောင်းပေးတဲ့အတွက် ရော် tiktok သီချင်းလေးဆိုပေးတဲ့အတွက်ရော် သီတင်းကျွတ် လက်ဆောင်အတွက်ရော်ဆိုပြီး Imperial Diamond 💎 မှ့ ညီမလေး မလေးခိုင်နဲ့ မောင်လေးသူရ က ချစ်ငယ်အရမ်းလိုချင်နေတဲ့ သိန်း ၈၃ တန် နဂါးလက်ကောက် လက်ဆောင်ပေးတယ် 👌👌🎁ပျော်လိုက်တာ ရင်တောင်ခုန်တယ် ❤️❤️” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

မေခလာကတော့ ရတနာဆိုင်တစ်ခုအတွက် စေတနာထားပြီး ကြော်ငြာပေး၊ ဈေးရောင်းပေးခဲ့တာကြောင့် အရမ်းလိုချင်နေတဲ့ လက်ဆောင်ကြီးကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မေခလာတစ်ယောက် ဒီထက်မက ချစ်ခြင်းမေတ္တာတွေနဲ့ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May KhaLar
credit – Cele Connections

  • Leave a Comment