




credit – Myanmarload

Unicode

ထက်ထက်ရဲ့ Liveမှာသိန်းရာကျော်တန်လက်၀တ်ရတနာတွေကို ၀ယ်ယူအားပေးခဲ့ကြတဲ့ ဖြူဖြူကျော်သိန်း၊နီနီခင်ဇော်နဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ….တစ်ခတ်တခါက ကြော်ငြာမင်းသမီးလေးလို့တင်စားရလောက်အောင်ကို နာမည်ကျော်ခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာသရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်တာကြောင့် ပန်းသခင်ရုပ်ရှင်ကားကြီးဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုတစ်ကြိမ်၊ သမီးမိုက်ရုပ်ရှင်ကားကြီးဖြင့်လည်း နောက်ထပ်အမျိုးသမီးဇာတ်ဆောင်ဆုကြီးကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

ထက်ထက်မိုးဦးကို ဆယ်စုနှစ်များစွာထဲက ကြော်ငြာမင်းသမီးလို့တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပြီးတော့ အခုဆိုရင်လည်းထက်ထက်ဟာ အနုပညာလောကထဲကိုတကျော့ပြန်လည် ၀င်ရောက်လာပြီး ကြော်ငြာမင်းသမီးဂုဏ်ကို ထိန်းသိမ်းထားနိုင်တာကိုလည်းတွေ့ရပါတယ်။ အာ့တာက‌တော့ မထက်ဟာ Liveလွှင့်‌ပြီးကျောက်မျက်ရတနာတွေကို ရောင်းချပေးနေတာလည်းဖြစ်ပြီး မထက်ရောင်းသမျှကိုလည်း ပရိသတ်တွေက သည်းသည်းလှုပ်၀န်းရံပေးကြတဲ့အပြင် တစ်ခဲနက်၀ယ်ယူအားပေးနေကြတာလည်းဖြစ်ပါတယ်။

အခုဆိုရင်လည်း ဖြူဖြူကျော်သိန်း၊နီနီခင်ဇော်နဲ့ စိုးပြည့်သဇင်တို့ဟာ မထက်ရဲ့ Liveမှာ တန်ဖိုးကြီးကျောက်မျက်ရတနာတွေကို ၀ယ်ယူအားပေးနေကြတာလည်းဖြစ်ပါတယ်။ မထက်ကလည်း စေတနာပါပါနဲ့လိုက်ဖက်မဲ့ပစ္စည်းတွေကို သေချာလေးရွေးချယ်ပေးတဲ့အပြင် ဈေးလေးတွေဆစ်‌ပေးပြီး ရောင်းချပေးတာလည်းတွေ့ရပါတယ်။ ကဲ…..ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& video Credit-Htet Htet Moe Oo

credit – Myanmarload

  • Leave a Comment