



credit – Myanmarload

Unicode

မောင်နှမတွေနဲ့ပျော်ရွှင်ခဲ့ရတဲ့ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကိုထုတ်ပြလိုက်တဲ့ ပြည်သူချစ်မင်းသမီးချောလေး နန္ဒာလှိုင်

ယနေ့ချိန်ထိ နုပျိုလှပကာ ပရိသတ်တွေ ချစ်မဝ ဖြစ်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ နှစ်ပေါင်းများစွာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး အခုချိန်မှာတော့ သမီးလေးတွေအတွက် မိခင်ကောင်းတစ်ယောက်အဖြစ် နေထိုင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ သူမရဲ့ သမီးလေးသုံးယောက်ကိုပါ ချစ်မဝ ဖြစ်နေကြတာပါ။

နန္ဒာဟာ မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်လွန်းတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။ သူမဟာ မွေးချင်းခြောက်ယောက်ထဲတွင် ဒုတိယမြောက် သမီးချောလေး ဖြစ်ပါတယ်။ နန္ဒာရဲ့ မိသားစုလေးကလည်း စည်းစည်းလုံးလုံးရှိလှပြီး မြင်ရသူတိုင်း ကြည်နူးအားကျစေတာလည်း အသေချာပဲ ဖြစ်ပါတယ်။

မနေ့ညကလည်း နန္ဒာရဲ့ ခင်ပွန်း ဇေသီဟရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညီမလေးတွေကို အမကြီးအမိရာဆိုတဲ့အတိုင်း ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်လို့ရအောင် ဒီပုံလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

credit – Myanmarload

  • Leave a Comment