



Video Credit-Wai Lar Ri

credit – Myanmarload

Unicode

မွေးနေ့မှာညီမလေးဝေလာရီက (၁)သောင်းတန်တွေနဲ့ Surprise လုပ်တာကြောင့် ဝမ်းသာမျက်ရည်ကျပြီးပျော်ရွှင်ခဲ့ရတဲ့ လိမ္မော်သီးရဲ့ဗီဒီယို

အဆိုတော် လိမ္မော်သီးကတော့ ဆွဲငင်အားပြင်းပြီး ထူးခြားတဲ့အသံပါဝါမျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ သီချင်းကောင်းလေးတွေအများအပြားကို ဖန်တီးသီဆိုခဲ့တဲ့ လိမ္မော်သီးက ဂီတလမ်းကြောင်းပေါ်မှာ နာမည်တစ်လုံးနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။ လိမ္မော်သီးရဲ့ညီမလေးဖြစ်တဲ့ ဝေလာရီကလည်း သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်နေပြီဖြစ်ပြီး အစ်မဖြစ်သူနဲ့အတူ သီချင်းတွေတွဲဆိုလေ့ရှိတာလည်း ဖြစ်ပါတယ် ။

လိမ္မော်သီးနဲ့ ဝေလာရီတို့ကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ညီအစ်မတွေပဲ ဖြစ်ပါတယ် ။ မနေ့ကတော့လိမ္မော်သီးရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် ညီမလေးဝေလာရီက အစ်မအတွက် မွေးနေ့ကိတ်လေးတစ်ခုကို စီစဥ်ပေးခဲ့တာ ဖြစ်ပါတယ် ။ လိမ္မော်သီးက သူမရဲ့အသက်(၃၁) နှစ်ပြည့်မွေးနေ့လေးကို အိမ်မှာပဲ ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့တာ ဖြစ်ပါတယ် ။

လိမ္မော်သီးက ဝေလာရီပေးတဲ့မွေးနေ့ကိတ်လေးကိုခွဲရင်းနဲ့ ကိတ်ထဲမှာ ပိုက်ဆံ (၁)သောင်းတန်တွေထည့်ပြီး Surprise လုပ်ထားကြောင်း သိလိုက်ရတာ ဖြစ်ပါတယ် ။ သိတတ်လိမ္မာလွန်းတဲ့ ညီမလေးရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် လိမ္မော်သီးတစ်ယောက် ဝမ်းသာမျက်ရည်ကျပြီး ပျော်ရွှင်ခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ မွေးနေ့ပွဲလေးကျင်းပရင်း အပြန်အလှန်ဖက်ကာ ငိုနေကြတဲ့ လိမ္မော်သီးနဲ့ ဝေလာရီတို့ညီအစ်မနှစ်ယောက်ရဲ့Live Video လေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Video Credit-Wai Lar Ri

credit – Myanmarload

  • Leave a Comment