ဘဝမွာ ခဏခဏၿပိဳလဲလိုက္ ျပန္႐ုန္းကန္လိုက္နဲ႔ ႀကိဳးစားခဲ့တာကို အျပစ္မျမင္ပဲ ခ်စ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္ဆိုတဲ့ ထက္ထက္မိုးဦး

အသက္အ႐ြယ္မ်ိဳးစုံက ပရိသတ္ေတြ အားေပးခ်စ္ခင္ၾကတဲ့ မင္းသမီးေခ်ာေလး ထက္ထက္မိုးဦးက ေၾကာ္ျငာေတြ အမ်ားအျပားကို ႐ိုက္ကူးခဲ့ရလို႔ ေၾကာ္ျငာဘုရင္မလို႔ေတာင္ တင္စားခံရသူတစ္ဦးပါ။ ထက္ထက္မိုးဦးက ေၾကာ္ျငာေတြအျပင္ ႐ုပ္ရွင္ဗီဒီယိုကားေတြလဲ ႐ိုက္ကူးခဲ့ၿပီး အကယ္ဒမီဆုေတြနဲ႔ အႏုပညာမွတ္တိုင္ေတြကို စိုက္ထူႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးက လက္ရွိမွာလည္း အႏုပညာလုပ္ငန္းေတြကို ျပန္လည္အခ်ိန္ေပးလုပ္ကိုင္ေနၿပီး ပရိသတ္နဲ႔ နီးနီးကပ္ကပ္ထိေတြ႕ႏိုင္ဖို႔ ႀကိဳးစားေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လူမႈေရးကိစၥေတြေၾကာင့္ စိတ္ထိခိုက္ဝမ္းနည္းေနရတဲ့ ထက္ထက္မိုးဦးက ဒီကေန႔မွာေတာ့ သူမရဲ႕ ခ်စ္ပရိသတ္ႀကီးကို ေက်းဇူးတင္စကား ေျပာလာခဲ့တာကို ေတြ႕ရပါတယ္။ “ဘဝမွာ ခဏခဏ ၿပိဳလဲက်လိုက္ ျပန္႐ုန္းကန္လိုက္နဲ႔ ႀကိဳးစားလာတာ အခုခ်ိန္ေတြထိ ထက္ကို အျပစ္မျမင္ အၿမဲခ်စ္ေနေပးတဲ့ ပရိသတ္ကို အရမ္းလည္းခ်စ္တယ္ ေက်းဇူးလည္းတင္ပါတယ္ အၿမဲလည္းႀကိဳးစားေနပါတယ္။” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေရးသားထားပါတယ္။

ထက္ထက္မိုးဦးကေတာ့ ဘဝမွာ အနိမ့္အျမင့္ အတက္အက်မ်ိဳးစုံကို ေက်ာ္ျဖတ္ခဲ့ရၿပီး ပရိသတ္ေတြေပးတဲ့ အားအင္ေတြနဲ႔ပဲ ျပန္လည္ ရပ္တည္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ထက္ထက္မိုးဦးတစ္ေယာက္ ေရွ႕ဆက္ အလုပ္ေတြအမ်ားႀကီးလုပ္ႏိုင္ဖို႔ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ဆယ္လီကြန္နက္ရွင္

Unicode

ဘဝမှာ ခဏခဏပြိုလဲလိုက် ပြန်ရုန်းကန်လိုက်နဲ့ ကြိုးစားခဲ့တာကို အပြစ်မမြင်ပဲ ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး

အသက်အရွယ်မျိုးစုံက ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မင်းသမီးချောလေး ထက်ထက်မိုးဦးက ကြော်ငြာတွေ အများအပြားကို ရိုက်ကူးခဲ့ရလို့ ကြော်ငြာဘုရင်မလို့တောင် တင်စားခံရသူတစ်ဦးပါ။ ထက်ထက်မိုးဦးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဗီဒီယိုကားတွေလဲ ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုတွေနဲ့ အနုပညာမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ပြန်လည်အချိန်ပေးလုပ်ကိုင်နေပြီး ပရိသတ်နဲ့ နီးနီးကပ်ကပ်ထိတွေ့နိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူမှုရေးကိစ္စတွေကြောင့် စိတ်ထိခိုက်ဝမ်းနည်းနေရတဲ့ ထက်ထက်မိုးဦးက ဒီကနေ့မှာတော့ သူမရဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးတင်စကား ပြောလာခဲ့တာကို တွေ့ရပါတယ်။ “ဘဝမှာ ခဏခဏ ပြိုလဲကျလိုက် ပြန်ရုန်းကန်လိုက်နဲ့ ကြိုးစားလာတာ အခုချိန်တွေထိ ထက်ကို အပြစ်မမြင် အမြဲချစ်နေပေးတဲ့ ပရိသတ်ကို အရမ်းလည်းချစ်တယ် ကျေးဇူးလည်းတင်ပါတယ် အမြဲလည်းကြိုးစားနေပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားထားပါတယ်။

ထက်ထက်မိုးဦးကတော့ ဘဝမှာ အနိမ့်အမြင့် အတက်အကျမျိုးစုံကို ကျော်ဖြတ်ခဲ့ရပြီး ပရိသတ်တွေပေးတဲ့ အားအင်တွေနဲ့ပဲ ပြန်လည် ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ထက်ထက်မိုးဦးတစ်ယောက် ရှေ့ဆက် အလုပ်တွေအများကြီးလုပ်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်

  • Leave a Comment