မထက်ရဲ့ Live Sale မှာ ပတ္တမြားနားဆွဲလေး ဝယ်ယူအားပေးပြီး ကျေနပ်ပျော်ရွှင်နေတဲ့ လင်းလင်း

ပရိသတ်ကြီးရေ.. လင်းလင်းလို့ ဆိုလိုက်တာနဲ့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ ပုံရိပ်လေးတွေကြောင့် ပြည်သူပရိသတ်အများအပြား ချစ်ခင်ကြတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးကို မြင်ယောင်မိကြမှာပါနော်..။

အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ဖန်တီးရှင်အဖြစ် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသလို သရုပ်ဆောင်လည်းကောင်းတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေသူပါ..။

စကားပြောပွင့်လင်းပြီး အခွီလေးတွေ ပြောတတ်ကာ ချစ်စရာကောင်းတဲ့ လင်းလင်းကတော့ ပြီးခဲ့တဲ့ရက်က Live လွှင့်ပြီး ကျောက်မြတ်ရတနာစိန်ထည်တွေ ရောင်းပေးနေတဲ့ မထက်ရဲ့ Live Sale လေးမှာ ပတ္တမြားနားဆွဲလေး ဝယ်ယူအားပေးခဲ့ပါတယ်နော်..။

သိန်း(၉၀)တန် ပတ္တမြားလက်စွပ်လေးကို သိန်း (၈၀)နဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပြီး လှလွန်းတဲ့ နားဆွဲလေးကို ပိုင်ဆိုင်ခဲ့ရတဲ့အတွက်လည်း လင်းလင်းက သူမရဲ့အပျော်လေးတွေကို ဝေမျှထားပါသေးတယ်..။

“ပတ္တမြားနားဆွဲလေး

ဒီနေ့ မထက်Live Sale လုပ်တဲ့

မေမေစိမ့်ရဲ့ THEIA ဆိုင်ကနေ

အားပေးဖြစ်တယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ကဲ.. မထက်ရဲ့ Live Sale လေးမှာ အားပေးဝယ်ယူခဲ့တဲ့ လင်းလင်းနဲ့အတူ သူမရဲ့အပျော်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Lin Lin

credit – Myanmarload

  • Leave a Comment