



Source : Kyaw Thu

credit – Myanmarload

Unicode

ကိုဗစ်ကူးစက်ခံရချိန် သားသမီးတွေနဲ့ မြေးတွေရဲ့မျက်နှာကို မြင်တွေ့ရလို့ အပြုံးပန်းတွေဝေဆာလာပြီး မျက်နှာကြည်လင်လာခဲ့တဲ့ ဦးကျော်သူ

ဦးကျော်သူကတော့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလာကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ဦးကျော်သူကတော့ ပရဟိတအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေတဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ကျော်သူကတော့ Covid 19 ကူးစက်ခံရပြီး ယခုမှာ ဆေးကုသမှုခံယူလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ခင်မင်ရင်နှီးကြတဲ့ မိတ်ဆွေတွေကတော့ ဦးကျော်သူတစ်ယောက်နေအမြန်ပြန်ကောင်းလာပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။ ဦးကျော်သူကတော့ ကိုဗစ်ကူးစက်ခံရချိန် သားသမီးတွေနဲ့ မြေးတွေရဲ့မျက်နှာကို မြင်တွေ့ရလို့ အပြုံးပန်းတွေဝေဆာလာပြီး မျက်နှာကြည်လင်လာခဲ့ပါတယ်။

ဦးကျော်သူကတော့ ” သား၊သမီး၊မြေးများနှင့် တွေ့ဆုံခြင်း ” ဆိုပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သားသမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်နေတဲ့ ဦးကျော်သူရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဦးကျော်သူရဲ့ သားသမီးတွေနဲ့ ဗီဒီယိုcallပြောနေတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Kyaw Thu

credit – Myanmarload

  • Leave a Comment