ဝက္သားတုတ္ထိုးလုပ္ေရာင္းေနတဲ့ ပြင့္နဒီေမာင္ရဲ႕လုပ္ငန္းခြင္ကို သြားေရာက္လုပ္အားေပးရင္း စကားလက္ဆုံက်ကာေပ်ာ္ေနတဲ့ ဘုန္းလွ်ံ

မင္းသားေခ်ာ ဘုန္းလွ်ံကေတာ့ ပရိသတ္ေတြရဲ႕အေရွ႕ကို တစ္ဖန္ျပန္လည္ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး ဘဝအသစ္တစ္ခုကို စတင္ေနတာပဲ ျဖစ္ပါတယ္ ။ အရမ္းခ်စ္ရတဲ့ခ်စ္သူနဲ႔လည္း ထိမ္းျမားလက္ထပ္ေတာ့မယ့္ ဘုန္းလွ်ံက ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကိုပါ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္ ။ ဘုန္းလွ်ံတို႔စုံတြဲကေတာ့ ငါးပါတူးေရာင္းခ်ေနၾကတာျဖစ္ၿပီး အလုပ္ေတြကို ေမာင္တစ္ထမ္း မယ္တစ္႐ြက္ ေဆာင္႐ြက္ေနၾကတာ ျဖစ္ပါတယ္ ။

အႏုပညာေမာင္ႏွမေတြနဲ႔လည္း ခင္မင္ရင္းႏွီးတဲ့ ဘုန္းလွ်ံက ပြင့္နဒီေမာင္နဲ႔ဆိုရင္ အရမ္းကိုခင္မင္တဲ့ သူငယ္ခ်င္းေတြပဲ ျဖစ္ၾကပါတယ္။ ဘုန္းလွ်ံနဲ႔ ပြင့္နဒီေမာင္တို႔သူငယ္ခ်င္းႏွစ္ေယာက္က အခ်င္းခ်င္းစေနာက္ေပ်ာ္႐ႊင္တတ္ၾကသလို တစ္ေယာက္ကိုတစ္ေယာက္ကူညီေလ့ရွိတာလည္း ျဖစ္ပါတယ္ ။ အခုလည္း ဘုန္းလွ်ံက ဝက္သားတုတ္ထိုးလုပ္ေရာင္းေနတဲ့ ပြင့္နဒီေမာင္ကို သူတတ္ႏိုင္သေလာက္ လုပ္အားေပးခဲ့တာ ျဖစ္ပါတယ္ ။

ဘုန္းလွ်ံက “ပိုးအိတို႔ရဲ႕ဝက္သားတုတ္ထိုး..ျပင္ဆင္မႈအေျခအေနကို..စစ္ကူသြားေပးေသာအခါ တကယ္ကိုေစတနာထားၿပီးႀကိဳးစားပန္းစားလုပ္ေနေသာပိုးအိကို.ေရလည္ခ်ီးက်ဴးတယ္ကြာ…ဒီထက္မကပိုေရာင္းရပါေစ…” ဆိုၿပီး ပုံေလးေတြကို မွ်ေဝထားတာ ျဖစ္ပါတယ္ ။ ဘုန္းလွ်ံတို႔သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ အလုပ္ေတြလုပ္ရင္း စကားလက္ဆုံက်ကာ ေပ်ာ္ေနၾကတာပဲ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ဘုန္းလွ်ံနဲ႔ ပြင့္နဒီေမာင္တို႔ရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Photo Credit-Bhone Hlan

credit – Myanmarload

Unicode

ဝက်သားတုတ်ထိုးလုပ်ရောင်းနေတဲ့ ပွင့်နဒီမောင်ရဲ့လုပ်ငန်းခွင်ကို သွားရောက်လုပ်အားပေးရင်း စကားလက်ဆုံကျကာပျော်နေတဲ့ ဘုန်းလျှံ

မင်းသားချော ဘုန်းလျှံကတော့ ပရိသတ်တွေရဲ့အရှေ့ကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဘဝအသစ်တစ်ခုကို စတင်နေတာပဲ ဖြစ်ပါတယ် ။ အရမ်းချစ်ရတဲ့ချစ်သူနဲ့လည်း ထိမ်းမြားလက်ထပ်တော့မယ့် ဘုန်းလျှံက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဘုန်းလျှံတို့စုံတွဲကတော့ ငါးပါတူးရောင်းချနေကြတာဖြစ်ပြီး အလုပ်တွေကို မောင်တစ်ထမ်း မယ်တစ်ရွက် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ် ။

အနုပညာမောင်နှမတွေနဲ့လည်း ခင်မင်ရင်းနှီးတဲ့ ဘုန်းလျှံက ပွင့်နဒီမောင်နဲ့ဆိုရင် အရမ်းကိုခင်မင်တဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ဘုန်းလျှံနဲ့ ပွင့်နဒီမောင်တို့သူငယ်ချင်းနှစ်ယောက်က အချင်းချင်းစနောက်ပျော်ရွှင်တတ်ကြသလို တစ်ယောက်ကိုတစ်ယောက်ကူညီလေ့ရှိတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဘုန်းလျှံက ဝက်သားတုတ်ထိုးလုပ်ရောင်းနေတဲ့ ပွင့်နဒီမောင်ကို သူတတ်နိုင်သလောက် လုပ်အားပေးခဲ့တာ ဖြစ်ပါတယ် ။

ဘုန်းလျှံက “ပိုးအိတို့ရဲ့ဝက်သားတုတ်ထိုး..ပြင်ဆင်မှုအခြေအနေကို..စစ်ကူသွားပေးသောအခါ တကယ်ကိုစေတနာထားပြီးကြိုးစားပန်းစားလုပ်နေသောပိုးအိကို.ရေလည်ချီးကျူးတယ်ကွာ…ဒီထက်မကပိုရောင်းရပါစေ…” ဆိုပြီး ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဘုန်းလျှံတို့သူငယ်ချင်းနှစ်ယောက်ကတော့ အလုပ်တွေလုပ်ရင်း စကားလက်ဆုံကျကာ ပျော်နေကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဘုန်းလျှံနဲ့ ပွင့်နဒီမောင်တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit-Bhone Hlan

credit – Myanmarload

  • Leave a Comment