



Source : Htet Htet Moe Oo


credit – Myanmarload

Unicode

သိန်းရာချီတန်တဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ထားကာ ဆယ်ကျော်သက်လေးလို ချောမောလှပပြီး ချစ်စရာကောင်းနေတဲ့ ထက်ထက်မိုးဦး

နိုင်ငံကျော်ဝါရင့်သရုပ်ဆောင် မင်းသမီး ထက်ထက်မိုးဦးကတော့ တစ်ခေတ်တခါက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ထက်ထက်မိုးဦးဟာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့ လုပ်ကိုင်နေပြီး ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာလည်း ထက်ထက်မိုးဦး က Live လွှင့်ပြီး သိန်းရာချီတန်တဲ့ လက်ဝတ်ရတနာတွေကို ရောင်းနေတာကို ပရိသတ်တွေလည်း မြင်တွေ့နေရတယ်လို့ထင်မိပါတယ်။ သူမရဲ့ Live လေးကလည်း ဝယ်ယူကြည့်ရှု့သူများပြီး သွားရည်ကျနေရတဲ့ Live ဆိုရင်လည်း မမှားပါဘူး။ ယခုဆိုရင်လည်း ထက်ထက်မိုးဦး က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ထက်ထက်မိုးဦး က သိန်းရာချီတန်တဲ့ ရတနာတွေကို ဝတ်ဆင်ထားပြီး ချစ်စရာအမူအရာလေးတွေနဲ့ ပိုစ့်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်ဆင်ထားတဲ့ အဝါရောင်ဖက်ရှင်ဝတ်စုံလေးကလည်း လိုက်ဖက်နေပြီး ဆယ်ကျော်သက်လေးလို ချောမောလှပနေတာဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ ထက်ထက်မိုးဦး ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Htet Htet Moe Oo

Photo Credit-Sein Nan Daw & Amazing Grace

credit – Myanmarload

  • Leave a Comment