



Photo Credit:Si Phyo

credit – Myanmarload

Unicode

အရမ်းအားကိုးရတဲ့ ချွေးမလောင်းလေးခင်လွှမ်းက နေမကောင်းဖြစ်နေလို့ ကိုယ်တိုင်ဂရုစိုက်ပေးနေတဲ့ စည်ဖြိုးရဲ့မိခင်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စည်ဖြိုးကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။စည်ဖြိုးရဲ့ချစ်သူ ခင်လွှမ်းကလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် ချစ်သူနှစ်ယောက်ကတော့ နားလည်မှုအပြည့်ရှိကြပါတယ်နော်။စည်ဖြိုးနဲ့ခင်လွှမ်းတို့ချစ်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး တိုင်တိုင်ပင်ပင်နဲ့လက်တွဲနေကြတာဖြစ်ပါတယ်။

ခင်လွှမ်းကတော့ စည်ဖြိုးရဲ့မိသားစုကိုလည်း ရိုသေလေးစားပြီး သူတို့ရဲ့စီးပွားရေးတွေကအစ ကူညီလုပ်ကိုင်ပေးတာဖြစ်ပါတယ်။စည်ဖြိုးရဲ့ မေမေကလည်း ခင်လွှမ်းကို သမီးအရင်းလေးတစ်ယောက်လို ချစ်နေတာဖြစ်ပါတယ်။ခင်လွှမ်းက ချစ်သူစည်ဖြိုးအပေါ်မှာလည်း အရမ်းအလိုက်သိပြီး အစစအရာရာဂရုစိုက်ပေးတဲ့ ချစ်သူကောင်းလေးတစ်ယောက်ဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ နေမကောင်းဖြစ်နေတာကြောင့် ခင်လွှမ်းကို စည်ဖြိုးတို့သားအမိနှစ်ယောက်က သတင်းလာမေးကြတာဖြစ်ပါတယ်။စည်ဖြိုးကတော့”တကယ်အားကိုးရတဲ့သမီးနေမကောင်းဘူးဆိုပြီးစိတ်ပူလို့ ဂျူးကို ကိုယ်တိုင်လာရှင်းပြနေတာ ဘယ်လိုလုပ်ဘယ်လိုမလုပ်နဲ့နဲ့ ကြာနေပြီ ညတိုင်းရုပ်ရှင်ကြည့်ဖော်ကြည့်ဖက်လည်းကြာကြာပျောက်နေမှာဆိုး”ဆိုပြီး ချွေးမလေးကို အရမ်းဂရုစိုက်ပေးနေတဲ့ မေမေ့အကြောင်းကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Si Phyo

credit – Myanmarload

  • Leave a Comment