ထူးထူးျခားျခား ေဝဘာဂီ ေဆး႐ုံႀကီးသို႔ႂကြေရာက္လာသည့္ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးအေၾကာင္း ေျပာျပလာတဲ့ ဦးေက်ာ္သူ

ပရိသတ္ႀကီးေရ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သလို (ရန္ကုန္) နာေရးကူညီမႈအသင္းရဲ႕ ဥကၠ႒ ျဖစ္တဲ့ ဦးေက်ာ္သူ ကေတာ့ ပရဟိတလုပ္ငန္းေတြကို လုပ္ကိုင္ေပးရင္း Covid ေရာဂါကူးစက္ခံထားရတာကို ပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာပါ။ ဦးေက်ာ္သူ ကိုေတာ့ ရန္ကုန္ ေဝဘာဂီ ေဆး႐ုံႀကီးမွာ ေဆးကုသမႈကို ေကာင္းစြာခံယူေနတာျဖစ္ပါတယ္။ ယေန႔ထိ ဦးေက်ာ္သူဟာ ေရာဂါလကၡဏာမျပပဲ က်န္းက်န္းမာမာ နဲ႔ ရွိေနပါတယ္။

ဦးေက်ာ္သူရဲ႕ ေဆးကုသမႈရဲ႕ေနာက္ကိုေတာ့ ေမာ္လ္ဒယ္သ႐ုပ္ေဆာင္ ထြန္းကိုကို က လိုက္ပါအေဖာ္ျပဳ ကူညီေစာင့္ေရွာက္ေပးေနတာ ျဖစ္ပါတယ္။ ယခုမွာေတာ့ ဦးေက်ာ္သူက ေဆးကုသမႈခံယူေနရင္း ထူးျခားတဲ့ အျဖစ္အပ်က္ေလးကို ေျပာျပလာခဲ့ပါတယ္။ “ေဝဘာဂီ သို႔ႂကြေရာက္လာသည့္ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီး……ယမန္ေန႔ညဖက္ ေဝဘာဂီေဆး႐ုံတြင္ ညမအိပ္ခင္ လြယ္အိတ္ထဲမွ မိမိကိုယ္ႏွင့္မကြာယူေဆာင္ေလ့ရွိေသာ သာသနာျပဳလြယ္အိတ္ငယ္ေလးထဲမွ မိုင္းဖုန္းဆရာေတာ္ႀကီး၏ပုံေတာ္ အေသးအားေခါင္းအုံးေပၚတင္၍ ဘုရားဝတ္ျပဳ၊ဂုဏ္ေတာ္ပြားကာ နဂါးမင္းမ်ားအားေမတၱာပို႔သခဲ့ပါသည္…..

ယေန႔နံနက္စာ စားအၿပီး မိမိအား လူႀကဳံပစၥည္းရ၍ၾကည့္လိုက္ရာ အစားအေသာက္ဒါနျပဳသူတို႔၏စားဖြယ္ရာမ်ားအျပင္ စာအိတ္အညိဳအႀကီးတစ္ခုပါလာ၍ ဖြင့္ၾကည့္လိုက္ရာ မိုင္းဖုန္းဆရာေတာ္ႀကီး၏ပုံေတာ္အႀကီးႏွင့္ ပရိတ္ရည္ဗူး၊အေဆာင္လက္ပါတ္ႀကိဳးတို႔အားဝမ္းေျမာက္ပီတိျဖစ္ကာ ျမင္ေတြ႕ရေတာ့သည္…..ယေန႔ညအဖို႔ေတာ့ ႂကြေရာက္လာသည့္ မိုင္းဖုန္းဆရာေတာ္ႀကီး၏ပုံေတာ္ႀကီးကား ကုတင္ေဘးရွိစားပြဲေပၚတြင္ အနီးကပ္ သီတင္းသုံးလ်က္ရွိေနၿပီျဖစ္ ေတာ့သည္….ကိုဗစ္ကပ္ေဘးေရာဂါ အျမင္ခ်ဳပ္ၿငိမ္းေပ်ာက္ကြယ္ပါေစသား……တစ္ကမာၻလုံး ၿငိမ္းခ်မ္းသာယာဝေျပာၾကပါေစ…..”ဆိုၿပီ ေရးသားထားပါတယ္။ ကဲ…..ပရိသတ္ႀကီးေရ ေဆးကုသမႈခံယူေနရင္း ဦးေက်ာ္သူ ရဲ႕ ထူးျခားတဲ့ အျဖစ္အပ်က္ေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source – Kyaw Thu

credit – Myanmarload

Unicode

ထူးထူးခြားခြား ဝေဘာဂီ ဆေးရုံကြီးသို့ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီးအကြောင်း ပြောပြလာတဲ့ ဦးကျော်သူ

ပရိသတ်ကြီးရေ နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို (ရန်ကုန်) နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်သူ ကတော့ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ပေးရင်း Covid ရောဂါကူးစက်ခံထားရတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ဦးကျော်သူ ကိုတော့ ရန်ကုန် ဝေဘာဂီ ဆေးရုံကြီးမှာ ဆေးကုသမှုကို ကောင်းစွာခံယူနေတာဖြစ်ပါတယ်။ ယနေ့ထိ ဦးကျော်သူဟာ ရောဂါလက္ခဏာမပြပဲ ကျန်းကျန်းမာမာ နဲ့ ရှိနေပါတယ်။

ဦးကျော်သူရဲ့ ဆေးကုသမှုရဲ့နောက်ကိုတော့ မော်လ်ဒယ်သရုပ်ဆောင် ထွန်းကိုကို က လိုက်ပါအဖော်ပြု ကူညီစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ယခုမှာတော့ ဦးကျော်သူက ဆေးကုသမှုခံယူနေရင်း ထူးခြားတဲ့ အဖြစ်အပျက်လေးကို ပြောပြလာခဲ့ပါတယ်။ “ဝေဘာဂီ သို့ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီး……ယမန်နေ့ညဖက် ဝေဘာဂီဆေးရုံတွင် ညမအိပ်ခင် လွယ်အိတ်ထဲမှ မိမိကိုယ်နှင့်မကွာယူဆောင်လေ့ရှိသော သာသနာပြုလွယ်အိတ်ငယ်လေးထဲမှ မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော် အသေးအားခေါင်းအုံးပေါ်တင်၍ ဘုရားဝတ်ပြု၊ဂုဏ်တော်ပွားကာ နဂါးမင်းများအားမေတ္တာပို့သခဲ့ပါသည်…..

ယနေ့နံနက်စာ စားအပြီး မိမိအား လူကြုံပစ္စည်းရ၍ကြည့်လိုက်ရာ အစားအသောက်ဒါနပြုသူတို့၏စားဖွယ်ရာများအပြင် စာအိတ်အညိုအကြီးတစ်ခုပါလာ၍ ဖွင့်ကြည့်လိုက်ရာ မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော်အကြီးနှင့် ပရိတ်ရည်ဗူး၊အဆောင်လက်ပါတ်ကြိုးတို့အားဝမ်းမြောက်ပီတိဖြစ်ကာ မြင်တွေ့ရတော့သည်…..ယနေ့ညအဖို့တော့ ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော်ကြီးကား ကုတင်ဘေးရှိစားပွဲပေါ်တွင် အနီးကပ် သီတင်းသုံးလျက်ရှိနေပြီဖြစ် တော့သည်….ကိုဗစ်ကပ်ဘေးရောဂါ အမြင်ချုပ်ငြိမ်းပျောက်ကွယ်ပါစေသား……တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာဝပြောကြပါစေ…..”ဆိုပြီ ရေးသားထားပါတယ်။ ကဲ…..ပရိသတ်ကြီးရေ ဆေးကုသမှုခံယူနေရင်း ဦးကျော်သူ ရဲ့ ထူးခြားတဲ့ အဖြစ်အပျက်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Kyaw Thu

credit – Myanmarload

  • Leave a Comment