




credit – Myanmarload

Unicode

တစ်ဦးတည်းသောသားလေးက သူမငယ်ငယ်ကရုပ်နဲ့ ချွတ်စွပ်တူကြောင်းကို ရုပ်ချင်းယှဉ်ပြလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

ပရိသတ်ကြီးရေ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ကတော့ သရုပ်ဆောင်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း တစ်ခေတ်တစ်ခါမှာ နာမည်ကြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က ယနေ့အချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်နေဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်က အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားလို့ အမြဲစိတ်ချမ်းသာနေရတာပဲဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ တစ်ဦးတည်းသောသားလေးကိုလည်း အစစအရာရာ သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။သားလေးကတော့ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေပြီး ဘက်စုံထူးချွန်တဲ့သူလေးပါနော်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ သားလေးကတော့ ငယ်ငယ်ကတည်းက လူချစ်လူခင်ပေါများတဲ့ကလေးလေး ဖြစ်လို့ ပရိသတ်တွေကသတိထားမိနေတာဖြစ်ပါတယ်။ဖေဖေနဲ့မေမေ့ရဲ့အချောအလှတွေကိုလည်း သားလေးကအမွေရထားတာကြောင့် ကြီးလေ ချောလေဖြစ်ပါတယ်။အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်က သူမငယ်ငယ်ကရုပ်နဲ့ သားလေးရုပ်က ချွတ်စွပ်တူကြောင်းကို ယှဉ်ပြလိုက်တာဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine

credit – Myanmarload

  • Leave a Comment