




credit – Myanmarload

Unicode

လူငယ်တွေနဲ့အပြိုင် နုဖတ်လှပနေဆဲဖြစ်ပြီး ညအိပ်ဝတ်စုံလေးနဲ့ ရင်ဖိုချင်စရာကောင်းတဲ့ အလှတရားတွေပေါ်လွင်နေတဲ့ မြတ်ကေသီအောင်

မင်းသမီးချော မြတ်ကေသီအောင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်တဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဇာတ်ရုပ်တိုင်းကို အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးတတ်တဲ့ မြတ်ကေသီအောင် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးခဲ့သေးတာ ဖြစ်ပါတယ် ။ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်လာခဲ့တဲ့ မြတ်ကေသီအောင်က ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ် ။

မြတ်ကေသီအောင်က အနုပညာလှုပ်ရှားမှုတွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့် အောင်မြင်မှုတွေကိုတော့ ဆက်လက်ထိန်းထားနိုင်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြတ်ကေသီအောင်က အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အရင်ကထက်တောင် ပိုလှလို့လာတာပဲ ဖြစ်ပါတယ် ။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့ မြတ်ကေသီအောင်က စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားတွေရဲ့ ပိုင်ရှင်လေးပါပဲနော်။

အခုလည်း မြတ်ကေသီအောင်က စမိုင်းလ်ပို့ပေးတဲ့ ညအိပ်ဝတ်စုံလေးကိုဝတ်ပြီး “ဂယက်တွေပါဟယ်” ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုအားပေးခဲ့တာ ဖြစ်ပါတယ် ။ Night Dress လေးနဲ့ အရမ်းလှနေတဲ့ မြတ်ကေသီအောင်က ရင်ဖိုချင်စရာကောင်းတဲ့ အလှတရားတွေ ပေါ်လွင်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ဆွဲဆောင်မှုရှိရှိလှနေတဲ့ မင်းသမီးချော မြတ်ကေသီအောင်ရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit-Myat Kay Thi Aung

credit – Myanmarload

  • Leave a Comment