တစ္မိသားစုလုံး အိမ္ထဲမွာပဲေနတဲ့ၾကားက ကိုဗစ္ပိုးဘယ္လိုကူးလာလဲ စဥ္းစားမရေသးဘူးဆိုတဲ့ ျမတ္ႏိုးေအး

မ်က္ႏွာသစ္သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္အားေပးမႈအခိုင္အမာရရွိထားတဲ့ ျမတ္ႏိုးေအးကေတာ့ ဒီရက္ပိုင္း လူမႈကြန္ရက္မွာ ပရိသတ္ေတြ သူ႔ကို သိပ္မေတြ႕ျဖစ္တဲ့အေၾကာင္းအရင္းကို မွ်ေဝလာပါတယ္။ လတ္တေလာမိသားစုဝင္ေတြထဲမွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံေနရတာမို႔ ဒီရက္ပိုင္းထဲမွာ Hotel Quarantine ဝင္ဖို႔ အလုပ္ေတြရႈပ္ေနတာ ျဖစ္ေၾကာင္း မွ်ေဝလာပါတယ္။

ျမတ္ႏိုး ဒီရက္ပိုင္း social media မွာ active မျဖစ္တာ quarantine ဝင္ဖို႔ကိစၥေတြနဲ႔ အလုပ္ေတြရႈပ္ေနလို႔ပါ အိမ္မွာ အဖိုး oxygen က်တာကစၿပီး ေဆး႐ုံတင္တဲ့အခ်ိန္မွာ swab test ယူရေတာ့ အဖိုး positive result ထြက္ပါတယ္။ဒီေန႔ (၅) ေယာက္ swab test ထပ္စစ္တဲ့အခ်ိန္မွာ မာမားအပါအဝင္ တူမေလးတစ္ေယာက္ရယ္ ေဘးအခန္းက cousin ေမာင္ေလးပါ positive ထပ္ထြက္ပါတယ္!အခု ႏွစ္အိမ္လုံးရဲ႕ က်န္တဲ့မိသားစုဝင္ေတြေရာ negative ထြက္ထားတဲ့ ေယာင္းမနဲ႔ တူမေလးေရာအားလုံး Hotel Quarantine ဝင္ေနရပါတယ္ ဆိုၿပီး မိသားစုဝင္ေတြရဲ႕အေျခအေနကို မွ်ေဝခဲ့ပါတယ္။

ျမတ္ႏိုးေအးကေတာ့ ေနာက္သုံးရက္ေလာက္ေနမွ Swap Test စစ္ရမွာျဖစ္ၿပီး ဒီရက္ပိုင္းေတာ့ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ၿပီးေနေနပါတယ္ တဲ့ပရိသတ္ႀကီးေရ.. တစ္မိသားစုလုံး အိမ္ထဲမွာပဲေနတာ တစ္လေက်ာ္ေလာက္ရွိၿပီမို႔ ဒီေရာဂါပိုး ဘယ္လိုလို႔ မိသားစုဝင္ေတြထဲကို ေရာက္လာသလဲ ဆိုတာကိုလည္း စဥ္းစားလို႔ မရႏိုင္ေသးပါဘူးတဲ့။ ေရာဂါပိုးက ကိုယ္နဲ႔အနီးဆုံးကို ေရာက္လာခဲ့ၿပီမို႔ ကိုယ္တိုင္ Positive ျဖစ္ခဲ့ရင္လည္း ျပန္သက္သာရမယ္ဆိုတဲ့ စိတ္နဲ႔ပဲ သန္မာေအာင္ ေနေနေၾကာင္း ေရးသားခဲ့တဲ့အျပင္ ပရိသတ္ႀကီးလည္း ကိုယ္ခံအားနဲ႔တိုက္ရမယ့္ေရာဂါျဖစ္ေနတာေၾကာင္း အစားမ်ားမ်ားစားၿပီး အားရွိေအာင္ေနၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

Source – Myat Noe Aye
credit – Cele Gabar

Unicode

တစ်မိသားစုလုံး အိမ်ထဲမှာပဲနေတဲ့ကြားက ကိုဗစ်ပိုးဘယ်လိုကူးလာလဲ စဉ်းစားမရသေးဘူးဆိုတဲ့ မြတ်နိုးအေး

မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မြတ်နိုးအေးကတော့ ဒီရက်ပိုင်း လူမှုကွန်ရက်မှာ ပရိသတ်တွေ သူ့ကို သိပ်မတွေ့ဖြစ်တဲ့အကြောင်းအရင်းကို မျှဝေလာပါတယ်။ လတ်တလောမိသားစုဝင်တွေထဲမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံနေရတာမို့ ဒီရက်ပိုင်းထဲမှာ Hotel Quarantine ဝင်ဖို့ အလုပ်တွေရှုပ်နေတာ ဖြစ်ကြောင်း မျှဝေလာပါတယ်။

မြတ်နိုး ဒီရက်ပိုင်း social media မှာ active မဖြစ်တာ quarantine ဝင်ဖို့ကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေလို့ပါ အိမ်မှာ အဖိုး oxygen ကျတာကစပြီး ဆေးရုံတင်တဲ့အချိန်မှာ swab test ယူရတော့ အဖိုး positive result ထွက်ပါတယ်။ဒီနေ့ (၅) ယောက် swab test ထပ်စစ်တဲ့အချိန်မှာ မာမားအပါအဝင် တူမလေးတစ်ယောက်ရယ် ဘေးအခန်းက cousin မောင်လေးပါ positive ထပ်ထွက်ပါတယ်!အခု နှစ်အိမ်လုံးရဲ့ ကျန်တဲ့မိသားစုဝင်တွေရော negative ထွက်ထားတဲ့ ယောင်းမနဲ့ တူမလေးရောအားလုံး Hotel Quarantine ဝင်နေရပါတယ် ဆိုပြီး မိသားစုဝင်တွေရဲ့အခြေအနေကို မျှဝေခဲ့ပါတယ်။

မြတ်နိုးအေးကတော့ နောက်သုံးရက်လောက်နေမှ Swap Test စစ်ရမှာဖြစ်ပြီး ဒီရက်ပိုင်းတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီးနေနေပါတယ် တဲ့ပရိသတ်ကြီးရေ.. တစ်မိသားစုလုံး အိမ်ထဲမှာပဲနေတာ တစ်လကျော်လောက်ရှိပြီမို့ ဒီရောဂါပိုး ဘယ်လိုလို့ မိသားစုဝင်တွေထဲကို ရောက်လာသလဲ ဆိုတာကိုလည်း စဉ်းစားလို့ မရနိုင်သေးပါဘူးတဲ့။ ရောဂါပိုးက ကိုယ်နဲ့အနီးဆုံးကို ရောက်လာခဲ့ပြီမို့ ကိုယ်တိုင် Positive ဖြစ်ခဲ့ရင်လည်း ပြန်သက်သာရမယ်ဆိုတဲ့ စိတ်နဲ့ပဲ သန်မာအောင် နေနေကြောင်း ရေးသားခဲ့တဲ့အပြင် ပရိသတ်ကြီးလည်း ကိုယ်ခံအားနဲ့တိုက်ရမယ့်ရောဂါဖြစ်နေတာကြောင်း အစားများများစားပြီး အားရှိအောင်နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Source – Myat Noe Aye
credit – Cele Gabar

  • Leave a Comment