ဂ်ဳတီေနာက္ဆံုးေန႔မွာ လူနာေတြ ေပ်ာ္ဖို႔အတြက္ PPE ဝတ္ၿပီးကျပခဲ့တဲ့ ဆရာဝန္

ကိုဗစ္ကာလအတြင္းမွာ က်န္းမာေရးဝန္ထမ္းေတြဟာ အရမ္းစိတ္ပင္ပန္းလူပင္ပန္းျဖစ္ရပါတယ္။ ပူအိုက္ၿပီး မြန္းၾကပ္လွတဲ့ PPE ဝတ္စံုၾကီးကို နာရီေပါင္းမ်ားစြာဝတ္ထားရၿပီး မိမိနဲ႔ ေသြးမေတာ္သားမစပ္တဲ့သူေတြကို ျပဳစုေစာင့္ေရွာက္ေပးရပါတယ္။ စားခ်ိန္မမွန္ အိပ္ခ်ိန္မမွန္နဲ႔ ေရာဂါကူးစက္မွာေတာင္ အမႈမထား၊ လူနာေတြအေပၚ ကရုဏာထားေစာင့္ေရွာက္ေပးၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ေက်းဇူးကေတာ့ ဆပ္လို႔မကုန္ပါဘူး။ အခုေလာက္ထိ ပင္ပန္းေနတဲ့ၾကားက ဆရာဝန္တစ္ဦးကေတာ့ ကိုဗစ္လူနာေတြစိတ္အားတက္ၾကြေစဖို႔ သီခ်င္းေလးတစ္ပုဒ္နဲ႔ ကျပေဖ်ာ္ေျဖခဲ့ရာမွာ အြန္လုိင္းေပၚလူသိမ်ားသြားခဲ့တာပဲျဖစ္ပါတယ္။

သူ႔နာမည္က ေဒါက္တာ Arup Senapati ျဖစ္ပါတယ္။ သူဟာ အိႏိၵယႏိုင္ငံ အာဆမ္ျပည္နယ္က ခြဲစိတ္ဆရာဝန္တစ္ေယာက္ျဖစ္ပါတယ္။ ေဒါက္တာ Arup ဟာ ကိုဗစ္လူနာေဆာင္မွာ ၇ရက္တာဝန္ထမ္းေဆာင္ဖို႔ ဂ်ဴတီက်ပါတယ္။ ဂ်ဴတီၿပီးရင္ေတာ့ သူQဝင္ရေတာ့မွာပါ။ ဒါေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္ေတြက သူ႔ဂ်ဴတီေနာက္ဆံုးေန႔ျဖစ္လို႔ ကျပဖို႔တိုက္တြန္းရာကေန သူက War ရုပ္ရွင္ဇာတ္ကားထဲက Ghungroo အမည္ရတဲ့သီခ်င္းနဲ႔ လူနာေတြကို ကျပခဲ့တာျဖစ္ပါတယ္။

ေဒါက္တာ Arup ကေတာ့ “လူနာေတြက အရမ္းေပ်ာ္ေနၾကတာ။ ကြ်န္ေတာ္လည္း ေပ်ာ္ခဲ့တယ္။ ကြ်န္ေတာ္က လူနာေတြကို စိတ္အားတက္ေစခ်င္တယ္။ ဒီတစ္ပတ္လံုး ေတာ္ေတာ္ခက္ခဲခဲ့ပါတယ္။ PPE နဲ႔က အလုပ္လုပ္ရတာခက္တယ္။ ဒါေပမဲ့ လူနာေတြျပန္သက္သာလာတဲ့ႏႈန္းကေတာ့ တိုးလာပါတယ္။ အေျခအေနေတြပိုေကာင္းလာေတာ့မွာပါ။ ဒီတိုက္ပြဲကၿပီးဖို႔ ေဝးေနေသးေပမယ့္ ဒါကိုအႏိုင္တိုက္ဖို႔ ကြ်န္ေတာ္တို႔ေန႔တိုင္းအလုပ္လုပ္ေနပါတယ္။” လို႔ အခုလိုေျပာျပပါတယ္။

ေဒါက္တာ Arup ရဲ႕အကဗီဒီယိုဖိုင္ကိုေတာ့ အြန္လိုင္းေပၚမွာ လူသန္းေပါင္းမ်ားစြာက ၾကည့္ရႈခဲ့ၾကပါတယ္။ War ရုပ္ရွင္ကားထဲမွာ Ghungroo သီခ်င္းနဲ႔ကိုယ္တိုင္ကခဲ့တဲ့ ရုပ္ရွင္သရုပ္ေဆာင္ Hrithik Roshan ကလည္း ေဒါက္တာ Arup ရဲ႕ေဖ်ာ္ေျဖမႈကိုခ်ီးမြမ္းခဲ့ပါေသးတယ္။ Roshan ကေတာ့ “ေဒါက္တာ Arup ကိုေျပာလိုက္ပါဦး။ သူ႔ကကြက္ေတြကိိုကြ်န္ေတာ္သင္ေနတယ္လို႔။ တစ္ေန႔ အာဆမ္မွာ သူ႔ေလာက္ေကာင္းေအာင္ ကျပပါဦးမယ္။ ဂုဏ္ယူစရာေကာင္းတဲ့စိတ္ထားပါ။” ဆိုၿပီး တြစ္တာေပၚမွာ မွ်ေဝခဲ့တယ္လို႔လည္း indianexpress သတင္းအရ သိရပါတယ္။

credit – shwemom

Unicode

ဂျုတီနောက်ဆုံးနေ့မှာ လူနာတွေ ပျော်ဖို့အတွက် PPE ဝတ်ပြီးကပြခဲ့တဲ့ ဆရာဝန်

ကိုဗစ်ကာလအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ အရမ်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရပါတယ်။ ပူအိုက်ပြီး မွန်းကြပ်လှတဲ့ PPE ဝတ်စုံကြီးကို နာရီပေါင်းများစွာဝတ်ထားရပြီး မိမိနဲ့ သွေးမတော်သားမစပ်တဲ့သူတွေကို ပြုစုစောင့်ရှောက်ပေးရပါတယ်။ စားချိန်မမှန် အိပ်ချိန်မမှန်နဲ့ ရောဂါကူးစက်မှာတောင် အမှုမထား၊ လူနာတွေအပေါ် ကရုဏာထားစောင့်ရှောက်ပေးကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ကျေးဇူးကတော့ ဆပ်လို့မကုန်ပါဘူး။ အခုလောက်ထိ ပင်ပန်းနေတဲ့ကြားက ဆရာဝန်တစ်ဦးကတော့ ကိုဗစ်လူနာတွေစိတ်အားတက်ကြွစေဖို့ သီချင်းလေးတစ်ပုဒ်နဲ့ ကပြဖျော်ဖြေခဲ့ရာမှာ အွန်လိုင်းပေါ်လူသိများသွားခဲ့တာပဲဖြစ်ပါတယ်။

သူ့နာမည်က ဒေါက်တာ Arup Senapati ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ အာဆမ်ပြည်နယ်က ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒေါက်တာ Arup ဟာ ကိုဗစ်လူနာဆောင်မှာ ၇ရက်တာဝန်ထမ်းဆောင်ဖို့ ဂျူတီကျပါတယ်။ ဂျူတီပြီးရင်တော့ သူQဝင်ရတော့မှာပါ။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေက သူ့ဂျူတီနောက်ဆုံးနေ့ဖြစ်လို့ ကပြဖို့တိုက်တွန်းရာကနေ သူက War ရုပ်ရှင်ဇာတ်ကားထဲက Ghungroo အမည်ရတဲ့သီချင်းနဲ့ လူနာတွေကို ကပြခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ Arup ကတော့ “လူနာတွေက အရမ်းပျော်နေကြတာ။ ကျွန်တော်လည်း ပျော်ခဲ့တယ်။ ကျွန်တော်က လူနာတွေကို စိတ်အားတက်စေချင်တယ်။ ဒီတစ်ပတ်လုံး တော်တော်ခက်ခဲခဲ့ပါတယ်။ PPE နဲ့က အလုပ်လုပ်ရတာခက်တယ်။ ဒါပေမဲ့ လူနာတွေပြန်သက်သာလာတဲ့နှုန်းကတော့ တိုးလာပါတယ်။ အခြေအနေတွေပိုကောင်းလာတော့မှာပါ။ ဒီတိုက်ပွဲကပြီးဖို့ ဝေးနေသေးပေမယ့် ဒါကိုအနိုင်တိုက်ဖို့ ကျွန်တော်တို့နေ့တိုင်းအလုပ်လုပ်နေပါတယ်။” လို့ အခုလိုပြောပြပါတယ်။

ဒေါက်တာ Arup ရဲ့အကဗီဒီယိုဖိုင်ကိုတော့ အွန်လိုင်းပေါ်မှာ လူသန်းပေါင်းများစွာက ကြည့်ရှုခဲ့ကြပါတယ်။ War ရုပ်ရှင်ကားထဲမှာ Ghungroo သီချင်းနဲ့ကိုယ်တိုင်ကခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် Hrithik Roshan ကလည်း ဒေါက်တာ Arup ရဲ့ဖျော်ဖြေမှုကိုချီးမွမ်းခဲ့ပါသေးတယ်။ Roshan ကတော့ “ဒေါက်တာ Arup ကိုပြောလိုက်ပါဦး။ သူ့ကကွက်တွေကိုကျွန်တော်သင်နေတယ်လို့။ တစ်နေ့ အာဆမ်မှာ သူ့လောက်ကောင်းအောင် ကပြပါဦးမယ်။ ဂုဏ်ယူစရာကောင်းတဲ့စိတ်ထားပါ။” ဆိုပြီး တွစ်တာပေါ်မှာ မျှဝေခဲ့တယ်လို့လည်း indianexpress သတင်းအရ သိရပါတယ်။

credit – shwemom

  • Leave a Comment