



Source : htoo el lynn

credit – Myanmarload

Unicode

ချစ်ရတဲ့သမီးလေးကို လက်စွပ်၊ဆွဲကြိုးအပြင်လက်ဆောင်တွေအများကြီးနဲ့ မွေးနေ့စပရိုက်လုပ်ပေးခဲ့တဲ့ ဖေဖေထူးအယ်လင်းရဲ့ Live ဗီဒီယို

အဆိုတော်ထူးအယ်လင်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်ခဲ့တဲ့ ထူးအယ်လင်းကတော့ ပရဟိတအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး အကူအညီလိုအပ်နေသူတွေကို တက်နိုင်သလာက် ကူညီပေးလေ့ရှိပါတယ်။

ထူးအယ်လင်းကတော့နေ့အချိန်ထိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ထူးအယ်လင်းကတော့ ယခုမှာ ချစ်သမီးလေးကို လက်စွပ်၊ဆွဲကြိုးအပြင်မွေးနေ့လက်ဆောင်တွေအများကြီးနဲ့ မွေးနေ့စပရိုက်လုပ်ပေးခဲ့ပြီးပျော်ရွှင်စရာတွေဖန်တီးပေးခဲ့ပါတယ်။ ရုပ်ချင်းဆင်တူကြီး ပျော်ရွှင်နေတဲ့ ထူးအယ်လင်းတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ ” သမီးဖြူဖြူစင်စင်လင်း ၁၁ နှစ်ပြည့်မွေးနေ့ “ဆိုပြီး ကြည်နူးစရာကောင်းတဲ့ Live ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ချစ်သမီးလေးကိုမွေးနေ့စပရိုက်လုပ်ပေးတဲ့ ဖေဖေထူးအယ်လင်းရဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : htoo el lynn

credit – Myanmarload

  • Leave a Comment