




credit – Myanmarload

Unicode

ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးကောင်းမွန်ပြီး မျက်နှာလေးကြည်ကြည်လင်လင်နဲ့ ဆေးကုသမှုခံယူနေတဲ့ ဦးကျော်သူ

ပရဟိတမင်းသားကြီးလို့ ပရိသတ်တွေက နာမည်ပေးထားတဲ့ ဦးကျော်သူကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပါတယ်။‌ဦးကျော်သူကိုယ်တိုင်ကလည်း ပရဟိတအလုပ်တွေကို ဦးဆောင်ပြီးလုပ်ဆောင်နေသလို မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်ဆင့်ကမ်းပေးနေတာဖြစ်ပါတယ်နော်။မင်းသားကြီးကျော်သူကတော့ ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့ မေတ္တာကို ခံယူထားဆဲဖြစ်ပါတယ်။

ဦးကျော်သူကတော့ ပရဟိတအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်နေရင်း Covid19 ရောဂါပိုးကြီး ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ဦးကျော်သူကို အမြန်ဆုံးသက်သာပါစေ လို့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ဝိုင်းပြီး ဆုတောင်းပေးနေကြတာပါနော်။မင်းသားချောထွန်းကိုကိုကလည်း ဆရာဖြစ်သူ ဦးကျော်သူကို လိုက်လံစောင့်ရှောက်ပေးနေလို့ အစစအရာရာစိတ်ချနေရတာဖြစ်ပါတယ်။

ဦးကျော်သူကတော့ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးအထူးကောင်းမွန်ပြီး အေးအေးချမ်းချမ်းနဲ့ ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။ထွန်းကိုကိုကလည်း ဦးကျော်သူရဲ့အနားကမခွာဘဲ သေချာဂရုစိုက်ပေးနေတာပါနော်။အခုဆိုရင်တော့ ဒေါင်းဝေနဲ့ ဇွဲလရောင်တို့က ဦးကျော်သူရဲ့ ကျန်းကျန်းမာမာရှိနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Source&Photo Credit:Kyaw Thu&Zwe Layaung

credit – Myanmarload

  • Leave a Comment