မီးမီးခဲ ကြယ္လြန္ျခင္း (၇) ရက္ေျမာက္ေန႔မွာပဲ က်ေရာက္လာတဲ့ သမီးႀကီး ျဖဴျဖဴစင္စင္လင္းရဲ႕ (၁၁) ႏွစ္ျပည့္ေမြးေန႔

အဆိုေတာ္ မီးမီးခဲကေတာ့ သူမခ်စ္တဲ့ မိသားစုေတြကိုေရာ ပရိသတ္ေတြကိုပါ အၿပီးအပိုင္ႏႈတ္ဆက္ထြက္ခြာသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ မီးမီးခဲအတြက္ က်န္ရစ္သူ မိသားစုေတြက စိတ္မေကာင္းျဖစ္ၾကသလို ပရိသတ္ေတြကလည္း အႏုပညာရွင္ေကာင္းတစ္ေယာက္ ဆုံးရႈံးလိုက္ရလို႔ စိတ္မေကာင္း ဝမ္းနည္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ မီးမီးခဲကေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၁၆) ရက္ေန႔က ကြယ္လြန္သြားခဲ့တာေၾကာင့္ ဒီကေန႔နဲ႔ဆိုရင္ (၁) ပတ္တိတိ ရွိခဲ့ၿပီ ျဖစ္ပါတယ္။

ဗုဒၶဘာသာ ျမန္မာလို အယူအဆနဲ႔ဆိုရင္ေတာ့ ဒီကေန႔က မီးမီးခဲရဲ႕ နာေရး ရက္လည္ေန႔ပဲ ျဖစ္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္နဲ႔ပဲ ဒီကေန႔ ေအာက္တိုဘာလ (၂၂) ရက္ေန႔ကေတာ့ မီးမီးခဲရဲ႕ သမီးအႀကီးဆုံး ျဖဴျဖဴစင္စင္လင္း @ ဘားဘီေလးရဲ႕ (၁၁) ႏွစ္ ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ျဖဴျဖဴစင္စင္လင္းကေတာ့ သူမရဲ႕ မိဘႏွစ္ပါး တရားဝင္ကြာရွင္းၿပီးကတည္းက ဖခင္ျဖစ္သူ ထူးအယ္လင္းနဲ႔ ေနထိုင္ခဲ့ၿပီး မီးမီးခဲ ျမန္မာျပည္ ျပန္လာတဲ့ အခ်ိန္ေတြမွသာ အတူတူ ေနထိုင္ရတာပဲ ျဖစ္ပါတယ္။

ျဖဴျဖဴစင္စင္လင္းကေတာ့ မီးမီးခဲရဲ႕ အခ်စ္ဆုံးေတြထဲက သမီးတစ္ေယာက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ (၁) လပိုင္းကလည္း မိခင္နဲ႔အတူတူ စင္ေပၚမွာ သီခ်င္းဆိုေဖ်ာ္ေျဖခဲ့ေသးတာ ျဖစ္ပါတယ္။ ျဖဴျဖဴစင္စင္လင္းေလးအတြက္ မီးမီးခဲကလည္း ေကာင္းရာအရပ္ကေန ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးေနမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sangpi
credit – Cele Connections

Unicode

မီးမီးခဲ ကွယ်လွန်ခြင်း (၇) ရက်မြောက်နေ့မှာပဲ ကျရောက်လာတဲ့ သမီးကြီး ဖြူဖြူစင်စင်လင်းရဲ့ (၁၁) နှစ်ပြည့်မွေးနေ့

အဆိုတော် မီးမီးခဲကတော့ သူမချစ်တဲ့ မိသားစုတွေကိုရော ပရိသတ်တွေကိုပါ အပြီးအပိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲအတွက် ကျန်ရစ်သူ မိသားစုတွေက စိတ်မကောင်းဖြစ်ကြသလို ပရိသတ်တွေကလည်း အနုပညာရှင်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ မီးမီးခဲကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားခဲ့တာကြောင့် ဒီကနေ့နဲ့ဆိုရင် (၁) ပတ်တိတိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလို အယူအဆနဲ့ဆိုရင်တော့ ဒီကနေ့က မီးမီးခဲရဲ့ နာရေး ရက်လည်နေ့ပဲ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဒီကနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ကတော့ မီးမီးခဲရဲ့ သမီးအကြီးဆုံး ဖြူဖြူစင်စင်လင်း @ ဘားဘီလေးရဲ့ (၁၁) နှစ် ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖြူဖြူစင်စင်လင်းကတော့ သူမရဲ့ မိဘနှစ်ပါး တရားဝင်ကွာရှင်းပြီးကတည်းက ဖခင်ဖြစ်သူ ထူးအယ်လင်းနဲ့ နေထိုင်ခဲ့ပြီး မီးမီးခဲ မြန်မာပြည် ပြန်လာတဲ့ အချိန်တွေမှသာ အတူတူ နေထိုင်ရတာပဲ ဖြစ်ပါတယ်။

ဖြူဖြူစင်စင်လင်းကတော့ မီးမီးခဲရဲ့ အချစ်ဆုံးတွေထဲက သမီးတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ (၁) လပိုင်းကလည်း မိခင်နဲ့အတူတူ စင်ပေါ်မှာ သီချင်းဆိုဖျော်ဖြေခဲ့သေးတာ ဖြစ်ပါတယ်။ ဖြူဖြူစင်စင်လင်းလေးအတွက် မီးမီးခဲကလည်း ကောင်းရာအရပ်ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေမှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sangpi
credit – Cele Connections

  • Leave a Comment