ဆံပင္ရွည္ထားခ်င္ေနတဲ့ အငယ္ဆုံးသားေလးကို ေသခ်ာေခါင္း‌ေလးၿဖီးၿပီးဆံပင္စီးေပးထားတဲ့ ေဖေဖမင္းေမာ္ကြန္း

ပရိသတ္ႀကီးေရ…..အဆိုေတာ္တစ္ေယာက္အေနနဲ႔ေရာ ႐ုပ္ရွင္မင္းသားေခ်ာတစ္ေယာက္အေနနဲ႔ပါ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို ရရွိေနတဲ့မင္းေမာ္ကြန္းကိုသိၾကမယ္ထင္ပါတယ္ေနာ္။ သူဟာ အကယ္ဒမီမင္းသားေခ်ာႀကီး ဦးဇင္ဝိုင္းရဲ႕ သားတစ္ေယာက္လည္းျဖစ္ၿပီးေတာ့ သူကိုယ္တိုင္လည္း အကယ္ဒမီထူးခြၽန္ဆုႀကီးကို ရရွိထားတာျဖစ္ပါတယ္။ မင္းေမာ္ကြန္းဟာ ႏွင္းဆီအဖြဲ႕သားတစ္ေယာက္လည္းျဖစ္ၿပီးေတာ့ လူ႐ႊင္ေတာ္တစ္ေယာက္အေနနဲ႔လည္း ပရိသတ္အားေပးခ်စ္ခင္တဲ့ သူတစ္ေယာက္ပါေနာ္။

မင္းေမာ္ကြန္းဟာ သာယာခ်မ္းေျမ့ဖြယ္မိသားစုဘဝေလးကို တည္ေထာင္ထားတာလည္းျဖစ္ၿပီး ခ်စ္ရတဲ့ဇနီးေခ်ာေလးရယ္၊သားသမီး ၃ေယာက္ရယ္နဲ႔ ေပ်ာ္စရာေကာင္းတဲ့မိသားစုေလးကိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ေအးေအးေဆးေဆးေနေလ့ရွိတဲ့ မင္းေမာ္ကြန္းတစ္ေယာက္ဟာ သူတို႔မိသားစုရဲ႕ေပ်ာ္စရာပုံရိပ္ေလးေတြကို social networkမွာ အၿမဲလိုလိုမွ်ေဝေပးေလ့ရွိပါတယ္။

အခုဆိုရင္လည္း မင္းေမာ္ကြန္းဟာ အငယ္ဆုံးသားေလး သားဘုန္းရဲ႕ပုံေလးေတြကို သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “ဆံပင္ရွည္ထားခ်င္လို႔ပါတဲ့” ဆိုတဲ့ captionေလးနဲ႔အတူ တင္ေပးလာခဲ့ပါတယ္။ သားဘုန္းေလးဟာလည္း ေဖေဖ့လိုမ်က္ႏွာေပါက္ေလးနဲ႔ ခ်စ္စရာေလးပါေနာ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source& photo credit-Kyaw Kyaw Htay Lwin

credit – Myanmarload

Unicode

ဆံပင်ရှည်ထားချင်နေတဲ့ အငယ်ဆုံးသားလေးကို သေချာခေါင်း‌လေးဖြီးပြီးဆံပင်စီးပေးထားတဲ့ ဖေဖေမင်းမော်ကွန်း

ပရိသတ်ကြီးရေ…..အဆိုတော်တစ်ယောက်အနေနဲ့ရော ရုပ်ရှင်မင်းသားချောတစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေတဲ့မင်းမော်ကွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အကယ်ဒမီမင်းသားချောကြီး ဦးဇင်ဝိုင်းရဲ့ သားတစ်ယောက်လည်းဖြစ်ပြီးတော့ သူကိုယ်တိုင်လည်း အကယ်ဒမီထူးချွန်ဆုကြီးကို ရရှိထားတာဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ နှင်းဆီအဖွဲ့သားတစ်ယောက်လည်းဖြစ်ပြီးတော့ လူရွှင်တော်တစ်ယောက်အနေနဲ့လည်း ပရိသတ်အားပေးချစ်ခင်တဲ့ သူတစ်ယောက်ပါနော်။

မင်းမော်ကွန်းဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားတာလည်းဖြစ်ပြီး ချစ်ရတဲ့ဇနီးချောလေးရယ်၊သားသမီး ၃ယောက်ရယ်နဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အေးအေးဆေးဆေးနေလေ့ရှိတဲ့ မင်းမော်ကွန်းတစ်ယောက်ဟာ သူတို့မိသားစုရဲ့ပျော်စရာပုံရိပ်လေးတွေကို social networkမှာ အမြဲလိုလိုမျှဝေပေးလေ့ရှိပါတယ်။

အခုဆိုရင်လည်း မင်းမော်ကွန်းဟာ အငယ်ဆုံးသားလေး သားဘုန်းရဲ့ပုံလေးတွေကို သူ့ရဲ့ Facebookစာမျက်နှာမှာ “ဆံပင်ရှည်ထားချင်လို့ပါတဲ့” ဆိုတဲ့ captionလေးနဲ့အတူ တင်ပေးလာခဲ့ပါတယ်။ သားဘုန်းလေးဟာလည်း ဖေဖေ့လိုမျက်နှာပေါက်လေးနဲ့ ချစ်စရာလေးပါနော်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Kyaw Kyaw Htay Lwin

credit – Myanmarload

  • Leave a Comment