ကိုဗစ္ကူးစက္ခံရမႈ မစစ္ေဆးရေသးေပမဲ့လည္း ဦးေက်ာ္သူနဲ႔အတူ ေဝဘာဂီေဆး႐ုံမွာ အတူတက္ေရာက္မယ့္ ထြန္းကိုကို

နာေရးကူညီမႈအသင္းရဲ႕ ဥကၠဌျဖစ္သူ ဦးေက်ာ္သူကေတာ့ ကိုဗစ္ကူးစက္ခံေနရေၾကာင္း ယေန႔မွာပဲ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ဦးေက်ာ္သူကေတာ့ ေဝဘာဂီေဆး႐ုံမွာ တက္ေရာက္ကုသရမွာ ျဖစ္ၿပီး ထြန္းကိုကိုကလည္း ဦးေက်ာ္သူနဲ႔အတူ လိုက္သြားမယ့္အေၾကာင္းကို ဦးေက်ာ္သူရဲ႕ ဇနီးျဖစ္သူ ေဒၚေ႐ႊဇီးကြက္မွ အခုလို ေျပာျပခဲ့ပါတယ္။

သူမရဲ႕ ဆိုရွယ္မီဒီယာကေနတဆင့္ ” ေအာ္… ရဲေဘာ္ရဲဘက္စိတ္ဓါတ္ဆိုတာ တကယ္ျမင့္ျမတ္တဲ့ စိတ္ဓါတ္ပါလား။ အသင္းကကေလးတစ္ေယာက္ positive ျဖစ္လို႔ ကိုေက်ာ္သူက သူနဲ႔ contact ရွိထားတဲ့အတြက္ ၆ရက္ေျမာက္ေန႔မွာ swab test စစ္လိုက္တာ positive ျဖစ္ေနပါတယ္။ အခုအခ်ိန္အထိ ဘာေရာဂါလကၡဏာမွ မျပေပမဲ့ အရင္က ႏွလုံးေသြးေၾကာလဲထားတာရယ္၊ ေဆးလိပ္ေသာက္တတ္တာရယ္၊ ဆီးခ်ိဳနည္းနည္းတက္ခ်င္တာရယ္ေတြေၾကာင့္ ျဖစ္ႏိုင္ရင္ အိမ္မွာဘဲေနခ်င္ေပမဲ့လည္း ဆရာႀကီးေဒါက္တာဦးၫႊန႔္သိန္းဆီက အႀကံဉာဏ္ယူၿပီး အဖက္ဖက္က အဆင္ေျပတဲ့ ေဝဘာဂီေဆး႐ုံကို သြားဖို႔ဆုံးျဖတ္လိုက္ပါတယ္။

အဲဒီမွာ တစ္သက္လုံး အေဖာ္နဲ႔အေပါင္းနဲ႔မွ ေနတတ္တဲ့ ကိုေက်ာ္သူ႔ကို အေဖာ္ျပဳလိုက္ဖို႔ လူတစ္ေယာက္လိုအပ္လာတာမွာ ထြန္းကိုကိုက သူလိုက္မယ္ဆိုၿပီး အဆိုျပဳၿပီးလိုက္သြားေလရဲ႕။ ပထမေတာ့ သူတို႔အုပ္စုရယ္ အိမ္ကကေလးရယ္တို႔ကို swab test ယူၿပီး positive ျဖစ္တဲ့သူလိုက္မယ္လို႔ စီစဥ္ေနၾကတာမွာ ကိုေက်ာ္သူက ဒီညေနဘဲသြားေတာ့မယ္ဆိုေတာ့ ထြန္းကိုကိုက ဘာမွမစစ္ရေသးခင္မွာဘဲ လိုက္သြားပါေလေရာ။ ေက်းဇူးတင္လိုက္တာသားရယ္။ တကဲ့ရဲေဘာ္ရဲဘက္စိတ္ဓါတ္ကို မ်က္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရလို႔ သာဓု အႀကိမ္ႀကိမ္ေခၚမိပါတယ္။ ႏွစ္ေယာက္စလုံးေဘးကင္းၿပီး အမ်ားအက်ိဳးကို ဆက္လက္သယ္ပိုးႏိုင္ၾကပါေစ။

ဒီကေန႔ တစ္ေနကုန္ သတင္းေမးဆုေတာင္းအားေပး အားေဆးေတြေပး အစားအစာေတြပို႔ေပးၾကတဲ့ မိတ္ေဆြေတြအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကိုေက်ာ္သူလည္း အားလုံးရဲ႕ေမတၱာနဲ႔ အျမန္ဆုံး ျပန္လည္က်န္းမာလာပါေစ။ သားထြန္းကိုကိုေလးလည္း ေဘးကင္းပါေစ။ နာေရးကူညီမႈအသင္းသားအားလုံးလည္း ကပ္ေဘးကကင္းေဝးပါေစ။ တစ္ကမာၻလုံး အျမန္ၿငိမ္းခ်မ္းပါေစ။ ” ဆိုကာ ရဲေဘာ္ရဲဘက္စိတ္အျပည့္ရွိတဲ့ ထြန္းကိုကို အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

credit – sankyipar

Unicode

ကိုဗစ်ကူးစက်ခံရမှု မစစ်ဆေးရသေးပေမဲ့လည်း ဦးကျော်သူနဲ့အတူ ဝေဘာဂီဆေးရုံမှာ အတူတက်ရောက်မယ့် ထွန်းကိုကို

နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌဖြစ်သူ ဦးကျော်သူကတော့ ကိုဗစ်ကူးစက်ခံနေရကြောင်း ယနေ့မှာပဲ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဦးကျော်သူကတော့ ဝေဘာဂီဆေးရုံမှာ တက်ရောက်ကုသရမှာ ဖြစ်ပြီး ထွန်းကိုကိုကလည်း ဦးကျော်သူနဲ့အတူ လိုက်သွားမယ့်အကြောင်းကို ဦးကျော်သူရဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်မှ အခုလို ပြောပြခဲ့ပါတယ်။

သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ” အော်… ရဲဘော်ရဲဘက်စိတ်ဓါတ်ဆိုတာ တကယ်မြင့်မြတ်တဲ့ စိတ်ဓါတ်ပါလား။ အသင်းကကလေးတစ်ယောက် positive ဖြစ်လို့ ကိုကျော်သူက သူနဲ့ contact ရှိထားတဲ့အတွက် ၆ရက်မြောက်နေ့မှာ swab test စစ်လိုက်တာ positive ဖြစ်နေပါတယ်။ အခုအချိန်အထိ ဘာရောဂါလက္ခဏာမှ မပြပေမဲ့ အရင်က နှလုံးသွေးကြောလဲထားတာရယ်၊ ဆေးလိပ်သောက်တတ်တာရယ်၊ ဆီးချိုနည်းနည်းတက်ချင်တာရယ်တွေကြောင့် ဖြစ်နိုင်ရင် အိမ်မှာဘဲနေချင်ပေမဲ့လည်း ဆရာကြီးဒေါက်တာဦးညွှန့်သိန်းဆီက အကြံဉာဏ်ယူပြီး အဖက်ဖက်က အဆင်ပြေတဲ့ ဝေဘာဂီဆေးရုံကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီမှာ တစ်သက်လုံး အဖော်နဲ့အပေါင်းနဲ့မှ နေတတ်တဲ့ ကိုကျော်သူ့ကို အဖော်ပြုလိုက်ဖို့ လူတစ်ယောက်လိုအပ်လာတာမှာ ထွန်းကိုကိုက သူလိုက်မယ်ဆိုပြီး အဆိုပြုပြီးလိုက်သွားလေရဲ့။ ပထမတော့ သူတို့အုပ်စုရယ် အိမ်ကကလေးရယ်တို့ကို swab test ယူပြီး positive ဖြစ်တဲ့သူလိုက်မယ်လို့ စီစဉ်နေကြတာမှာ ကိုကျော်သူက ဒီညနေဘဲသွားတော့မယ်ဆိုတော့ ထွန်းကိုကိုက ဘာမှမစစ်ရသေးခင်မှာဘဲ လိုက်သွားပါလေရော။ ကျေးဇူးတင်လိုက်တာသားရယ်။ တကဲ့ရဲဘော်ရဲဘက်စိတ်ဓါတ်ကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရလို့ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ နှစ်ယောက်စလုံးဘေးကင်းပြီး အများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေ။

ဒီကနေ့ တစ်နေကုန် သတင်းမေးဆုတောင်းအားပေး အားဆေးတွေပေး အစားအစာတွေပို့ပေးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကိုကျော်သူလည်း အားလုံးရဲ့မေတ္တာနဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေ။ သားထွန်းကိုကိုလေးလည်း ဘေးကင်းပါစေ။ နာရေးကူညီမှုအသင်းသားအားလုံးလည်း ကပ်ဘေးကကင်းဝေးပါစေ။ တစ်ကမ္ဘာလုံး အမြန်ငြိမ်းချမ်းပါစေ။ ” ဆိုကာ ရဲဘော်ရဲဘက်စိတ်အပြည့်ရှိတဲ့ ထွန်းကိုကို အကြောင်းကို ပြောပြခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

credit – sankyipar

  • Leave a Comment