



Source: Soe Pyae Thazin

Unicode

Live လွှင့်နေတဲ့ စိုးပြည့်သဇင်ရဲ့ ပို့စ်အောက်မှာ ပရိသတ်ယောင်ဆောင်ပြီး ကောမန့်တွေပေးကာ နောက်ပြောင်ကျီစယ်ခဲ့တဲ့ ဟိန်းဝေယံ

သရုပ်ဆောင် ဟိန်းဝေယံကတော့ ယောကျာ်းလေးတစ်ယောက်ဆိုပေမယ့် ဖြူဖြူနုနုလေးနဲ့ အရမ်းချောတာကြောင့် မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ် အားပေးခြင်းခံရသူပဲ ဖြစ်ပါတယ်။ ဟိန်းဝေယံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ သရုပ်ဆောင်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ အကယ်ဒမီဆုကြီးနဲ့ ဒီနေ့ဒီအချိန်ထိ လွဲချော်နေဆဲပဲ ဖြစ်ပါတယ်။ ဟိန်းဝေယံကလည်း အကယ်ဒမီဆု ရရှိခြင်းထက် ပရိသတ်တွေရဲ့ မေတ္တာတွေကိုသာ ပိုမိုအလေးထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကိုချစ်သလို အနုပညာရှင်တွေအပေါ်မှာလည်း သံယောဇဉ်ကြီးတဲ့ ဟိန်းဝေယံက ဒီတစ်ခါမှာလည်း စိုးပြည့်သဇင်ကို စနောက်နေတာကို တွေ့ရပါတယ်။ ဟိန်းဝေယံက ပရိသတ်တွေနဲ့ Live လွှင့်နေတဲ့ စိုးပြည့်သဇင်ရဲ့ ပို့စ်အောက်မှာ နာမည်ခေါ်ပေးဖို့ပြောခဲ့ပြီး စိုးပြည့်သဇင်ကို စနောက်ကျီစယ်ခဲ့တာကို ပရိသတ်တွေက သတိထားမိခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တော်တော်များများမှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့သလို အပြင်မှာလည်း သူငယ်ချင်းလို မောင်နှမလို ခင်မင်ရင်းနှီးကြသူတွေပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin
credit– Cele Connections

  • Leave a Comment