မိသားစုဝင္ေတြပါလိုက္ပို႔ခြင့္မရတဲ့ ဦးရန္ပိုင္စိုးရဲ႕ေနာက္ဆုံးခရီးကို ေသေသခ်ာခ်ာေလး စီစဥ္ေဆာင္႐ြက္ေပးခဲ့တဲ့ ေအာင္ေသာ္နဲ႔ ေမတၱာျမင့္ျမတ္ဟိန္း

ပရိသတ္ေတြခ်စ္ရတဲ့ အႏုပညာရွင္တစ္ဦးကေတာ့ ဒီေန႔မွာပဲ လူ႔ေလာကႀကီးကေန ထြက္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္ ။ သူကေတာ့ သ႐ုပ္ေဆာင္၊အဆိုေတာ္တစ္ဦးျဖစ္သလို အစီအစဥ္တင္ဆက္သူအျဖစ္လည္း လုပ္ကိုင္ခဲ့တဲ့ ဦးရန္ပိုင္စိုးပဲ ျဖစ္ပါတယ္ ။ Covid-19 ေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့တဲ့ ဦးရန္ပိုင္စိုးရဲ႕နာေရးသတင္းကေတာ့ အႏုပညာေလာကသားေတြအားလုံးကို စိတ္မေကာင္းျဖစ္ေစခဲ့တာ ျဖစ္ပါတယ္ ။

ဦးရန္ပိုင္စိုးအတြက္ အႏုပညာရွင္အားလုံးက ဝမ္းနည္းေၾကကြဲေနၾကသလို စိတ္မေကာင္းျဖစ္ေနရေၾကာင္းကိုလည္း သူတို႔ရဲ႕လူမႈကြန္စာမ်က္ႏွာထက္မွာ ကိုယ္စီေရးသားေျပာျပေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း Volunteer အျဖစ္ ေဆာင္႐ြက္ေနၾကတဲ့ လူ႐ႊင္ေတာ္ေအာင္ေသာ္နဲ႔ ေမတၱာျမင့္ျမတ္ဟိန္းတို႔က ဦးရန္ပိုင္စိုးရဲ႕နာေရးကိစၥေတြကို စီစဥ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။ မိသားစုဝင္ေတြ လိုက္ပါပို႔ေဆာင္ခြင့္မရတဲ့ ဦးရန္ပိုင္စိုးရဲ႕စ်ာပနခရီးကို ေအာင္ေသာ္တို႔က ေသေသခ်ာခ်ာေလး ကူညီေဆာင္႐ြက္ေပးခဲ့တာ ျဖစ္ပါတယ္ ။

ေအာင္ေသာ္က “ဘဝရဲ႕ေနဝင္ခ်ိန္ကိုဒီလိုသြားရမလဲလို႔ဘယ္သူမွမသိႏိုင္ဘူးေလအိူကိုတာတူး(ေခၚ)အစ္ကိုရန္ပိုင္စိုးေရကြၽန္ေတာ္တို႔ဒီတိုက္ပြဲကိုေအာင္ျမင္ေအာင္တိုက္ေနပါတယ္အစ္ကိုေရ လိုက္ပါပို႔ေဆာင့္ေပးခြင့္ရတာကိုပဲ ေက်းဇူးအထူးတင္ရွိပါတယ္ Aung Thaw. 5 Stars” ဆိုၿပီးေရးသားထားသလို ေမတၱာျမင့္ျမတ္ဟိန္းကလည္း “ကြၽန္ေတာ္တို႔ Golden Middle Way( GMW ) အသင္းရဲ႕Covid ေရာဂါပိုး ကာကြယ္တိုက္ဖ်က္ရင္းက ကူညီေဆာင္႐ြက္ေပးမိတဲ့ လမ္းေၾကာင္းေလးတစ္ခု စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ ေလးေလးရန္ပိုင္စိုး ေကာင္းရာမြန္ရာေရာက္ပါေစ..Covid ေရ…မင္းေတာ္သင့္ၿပီေနာ္” ဆိုၿပီး ေျပာထားတာပဲ ျဖစ္ပါတယ္ ။ ဦးရန္ပိုင္စိုးရဲ႕ေနာက္ဆုံးခရီးက ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source & Photo Credit-Aung Thaw’s FB Acc & Myittar Myint Myat Hein

credit – Myanmarload

Unicode

မိသားစုဝင်တွေပါလိုက်ပို့ခွင့်မရတဲ့ ဦးရန်ပိုင်စိုးရဲ့နောက်ဆုံးခရီးကို သေသေချာချာလေး စီစဥ်ဆောင်ရွက်ပေးခဲ့တဲ့ အောင်သော်နဲ့ မေတ္တာမြင့်မြတ်ဟိန်း

ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးကတော့ ဒီနေ့မှာပဲ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ် ။ သူကတော့ သရုပ်ဆောင်၊အဆိုတော်တစ်ဦးဖြစ်သလို အစီအစဥ်တင်ဆက်သူအဖြစ်လည်း လုပ်ကိုင်ခဲ့တဲ့ ဦးရန်ပိုင်စိုးပဲ ဖြစ်ပါတယ် ။ Covid-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့တဲ့ ဦးရန်ပိုင်စိုးရဲ့နာရေးသတင်းကတော့ အနုပညာလောကသားတွေအားလုံးကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။

ဦးရန်ပိုင်စိုးအတွက် အနုပညာရှင်အားလုံးက ဝမ်းနည်းကြေကွဲနေကြသလို စိတ်မကောင်းဖြစ်နေရကြောင်းကိုလည်း သူတို့ရဲ့လူမှုကွန်စာမျက်နှာထက်မှာ ကိုယ်စီရေးသားပြောပြနေကြတာ ဖြစ်ပါတယ် ။ အခုလည်း Volunteer အဖြစ် ဆောင်ရွက်နေကြတဲ့ လူရွှင်တော်အောင်သော်နဲ့ မေတ္တာမြင့်မြတ်ဟိန်းတို့က ဦးရန်ပိုင်စိုးရဲ့နာရေးကိစ္စတွေကို စီစဥ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ မိသားစုဝင်တွေ လိုက်ပါပို့ဆောင်ခွင့်မရတဲ့ ဦးရန်ပိုင်စိုးရဲ့စျာပနခရီးကို အောင်သော်တို့က သေသေချာချာလေး ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ် ။

အောင်သော်က “ဘဝရဲ့နေဝင်ချိန်ကိုဒီလိုသွားရမလဲလို့ဘယ်သူမှမသိနိုင်ဘူးလေအိူကိုတာတူး(ခေါ်)အစ်ကိုရန်ပိုင်စိုးရေကျွန်တော်တို့ဒီတိုက်ပွဲကိုအောင်မြင်အောင်တိုက်နေပါတယ်အစ်ကိုရေ လိုက်ပါပို့ဆောင့်ပေးခွင့်ရတာကိုပဲ ကျေးဇူးအထူးတင်ရှိပါတယ် Aung Thaw. 5 Stars” ဆိုပြီးရေးသားထားသလို မေတ္တာမြင့်မြတ်ဟိန်းကလည်း “ကျွန်တော်တို့ Golden Middle Way( GMW ) အသင်းရဲ့Covid ရောဂါပိုး ကာကွယ်တိုက်ဖျက်ရင်းက ကူညီဆောင်ရွက်ပေးမိတဲ့ လမ်းကြောင်းလေးတစ်ခု စိတ်မကောင်းခြင်းများစွာဖြင့် လေးလေးရန်ပိုင်စိုး ကောင်းရာမွန်ရာရောက်ပါစေ..Covid ရေ…မင်းတော်သင့်ပြီနော်” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။ ဦးရန်ပိုင်စိုးရဲ့နောက်ဆုံးခရီးက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Aung Thaw’s FB Acc & Myittar Myint Myat Hein

credit – Myanmarload

  • Leave a Comment