




credit – Myanmarload

Unicode

ကမ္ဘာအနှံ့အပြားက အနုပညာရှင်တွေနဲ့အပြိုင် (၂၀၂၀)နှစ်အတွက် အယောက်(၁၀၀)ထဲမှာ အလှဆုံးဆန်ကာတင်စာရင်းဝင်သွားတဲ့ ရွှေကစ်

ပရိသတ်ကြီးရေ နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင် ဝတ်မှုံရွှေရည်ကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ဝတ်မှုံရွှေရည်က ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားပြီး နိုင်ငံတကာအနုပညာရှင်တွေနဲ့လည်း တွဲပြီးရိုက်ကူးထားတာဖြစ်ပါတယ်နော်။ဝတ်မှုံရွှေရည်က အသက်(၃၁)နှစ်အရွယ်ဖြစ်နေပေမယ့် လှပနုပျိုမှုတွေကတော့ အစဉ်အမြဲတည်တံ့နေတာဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ရွှေကစ်လေးက အသက်အရွယ်တစ်ခုကိုရောက်ရှိနေပေမယ့် ဆယ်ကျော်သက်အရွယ်လေးလို အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။ရွှေကစ်လေးကတော့ မြန်မာပြည်သာမက နိုင်ငံတကာမှာပါ ရေပန်းစားတဲ့သူလေးဖြစ်ပါတယ်နော်။

အခုဆိုရင်လည်း ရွှေကစ်လေးက Tc candlerမှာ နိုင်ငံတကာကအနုပညာရှင်တွေနဲ့အပြိုင် (၂၀၂၀)နှစ်အတွက် အယောက်(၁၀၀)ထဲမှာ အလှဆုံး ဆန်ကာတင်စာရင်းထဲဝင်သွားခဲ့တာဖြစ်ပါတယ်နော်။ရွှေကစ်လေးရဲ့အလှအပတွေကလည်း International ဆန်ပြီး ကျက်သရေရှိရှိလှပတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အနုပညာရှင် ရွှေကစ်လေးကလည်း ကမ္ဘာမှာရင်ဘောင်‌တန်းပြီး အခုလိုလေး စာရင်းဝင်ခဲ့တာ ဂုဏ်ယူစရာကောင်းလှပါတယ်နော်။

Source&Photo Credit:Wutt Hmone Shwe Yi

  • Leave a Comment