Source: Naing Zaw
Unicode
Covid-19 ရောဂါပိုးကြောင့် ရုတ်တရက်ကွယ်လွန်သွားရှာတဲ့ သရုပ်ဆောင်၊ အဆိုတော် ရန်ပိုင်စိုး
သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို၊သီချင်းတွေများစွာကိုလည်း သီဆိုခဲ့တဲ့ စတူဒီယိုအဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ရန်ပိုင်စိုးက အနုပညာအလုပ်တွေများစွာကို လုပ်ကိုင်ခဲ့သလို ဘိသိတ်မြှောက် အခမ်းအနားမှူးတစ်ယောက်အဖြစ်လည်း မင်္ဂင်္လာရှိတဲ့ ပွဲအခမ်းအနားတွေမှာ ဆောင်ရွက်ပေးခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့မှာတော့ အဆိုတော်၊ သရုပ်ဆောင် ရန်ပိုင်စိုးက မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုတော် ရန်ပိုင်စိုးက မနက် (၁၁) နာရီ (၁၁) မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီး ဂီတပညာရှင် နိုင်ဇော်ကတော့ “တကယ်လားဖိုးသောကြာရယ် အကိုတို့ချစ်တဲ့အဆိုတော်အခမ်းအနားမှူးကြီးလား။ မယုံနိုင်ဘူးနော်။ အရမ်းချစ်ဖို့ကောင်းတဲ့စိတ်ထားပြည့်ဝသူတယောက် covidကြောင့်ပထမဆုံးအနုပညာလောကသားတယောက် ဆုံးရှုံးရတာပါလို့မှတ်ယူလိုက်ပါမယ်” ဆိုပြီး အတည်ပြုရေးသားထားပါတယ်။
အဆိုတော်ကြီး ရန်ပိုင်စိုးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုပွဲအခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေပေးသေးခဲ့ပြီး ကွယ်လွန်သွားခဲ့ရှာတာပဲ ဖြစ်ပါတယ်။ ဦးရန်ပိုင်စိုးတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတော်ငးပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Naing Zaw
cedit – Cele Connections
  • Leave a Comment