



Source : Kyaw Thu

credit – Myanmarload

Unicode

အများကောင်းကျိုးအတွက် မျိုးဆက်သစ်တွေကို ဦးဆောင်ပေးရင်း covid19 ပိုး positiveတွေ့ရှိခဲ့လို့ ဆေးစစ်မှုခံယူနေတဲ့ ဦးကျော်သူ

ဦးကျော်သူကတော့ ပရဟိတအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်နေခဲ့သူတစ်ယောက်ဖြစ်ပြီး ကိုဗစ်ကာလမှာလည်း ပရဟိတအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဦးကျော်သူကတော့ ယခုမှာ အများကောင်းကျိုးအတွက် လူငယ်မျိုးဆက်သစ်တွေကို ဦးဆောင်ပေးရင်း covid 19ပိုး positiveတွေ့ရှိခဲ့လို့ ဆေးစစ်မှုခံယူနေခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဦးကျော်သူတစ်ယောက် Covid 19ပိုးပျောက်ပြီး အမြန်ဆုံးပြန်လည်ကျန်းမားလာပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

ကိုဗစ်ကာလမှာတောင် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဦးကျော်သူကတော့ ” တွေ့ပြီ… P တဲ့။အများအတွက် မျိုးဆက်သစ်တွေကိုဦးဆောင် ပေးဆပ်ရင်းဖြင့်ကျဆုံးခဲ့ရမှုကို ကြေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။”ငါမရှိရင် ငါ့ထက် ရဲရဲကြီး ပေးဆပ်ရဲသူ ရောက်လာလိမ့်မယ်””ငါမရှိရင် ငါ့ထက်သီလလုံခြုံ သစ္စာဆိုရဲသူ ရောက်လာလိမ့်မယ်”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ဦးကျော်သူကတော့” ငါမရှိရင် ငါတို့ချမှတ်ခဲ့တဲ့ ပရဟိတအုတ်မြစ် အဆောက်အဦးကသည့်ထက်ပိုပြီး ခိုင်မာ၊မြင့်မား၊တိုးတက် လာလိမ့် မယ်”အားလုံးကို ကြိုတင်ပြင်ဆင် ထားမှုက ခေါင်းဆောင်တွေ ရဲ့ အလုပ်။အေး….မင်းတို့ဖက်က ညီညွတ်ကြ ဖို့ပဲလိုတယ်ဒါပဲ…ကျော်သူ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဦးကျော်သူရဲ့ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။

Source : Kyaw Thu

credit – Myanmarload

  • Leave a Comment