




credit – Myanmarload

Unicode

အသက်(၂၀)အရွယ်တုန်းက မြင်သူတကာငေးမောသွားရလောက်အောင် မိမိုက်ပြီး လှသွေးကြွယ်နေတဲ့ သက်မွန်မြင့်

အကယ်ဒမီမင်းသမီးချောတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ကတော့ ချင်းတိုင်းရင်သူလေးဖြစ်ပြီး အနုပညာလောကထဲကို Modelလမ်းကြောင်းကနေတဆင့်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။သက်မွန်မြင့်က ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီး‌တွေကိုလည်း အများအပြားရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။သက်မွန်မြင့်က အခုချိန်မှာဆိုရင်တော့ ဝါရင့်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နေဆဲဖြစ်ပါတယ်နော်။

ပရိသတ်တွေကတော့ သူမကို ချစ်သက်လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို အားပေးကြတာဖြစ်ပါတယ်။သက်မွန်က အခုချိန်မှာဆိုရင် ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်နော်။သက်မွန်ရဲ့ ချစ်ခင်ပွန်းကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသလို့ မိသားစုကို လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။

သက်မွန်ကတော့ ကလေးနှစ်ယောက်မွေး‌ဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပေမယ့် နုငယ်ပျိုမျစ်မှုတွေကတော့ အပျိုတုန်းကအတိုင်းလှပနေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ သက်မွန်က သူမရဲ့အသက်(၂၀)နှစ်ကပုံလေးတွေကို တင်ပေးလာတာဖြစ်ပါတယ်။အေးချမ်းတဲ့မျက်နှာလေးနဲ့ မြင်သူတကာငေးမောရလောက်အောင် အရမ်းလှပြီး မိမိုက်နေလို့ သက်မွန်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Credit:Thet Mon Myint

credit – Myanmarload

  • Leave a Comment