ချစ်စရာကောင်းတဲ့မထက်ကို အရမ်းလှသွားအောင်ပြင်ပေးရင်း Live လွှင့်ပြီးဈေးရောင်းတဲ့နောက်ကိုလိုက်လည်ခဲ့တဲ့ လင်းလင်းရဲ့ဗီဒီယို





credit – myanmarload

Unicode

ချစ်စရာကောင်းတဲ့မထက်ကို အရမ်းလှသွားအောင်ပြင်ပေးရင်း Live လွှင့်ပြီးစျေးရောင်းတဲ့နောက်ကိုလိုက်လည်ခဲ့တဲ့ လင်းလင်းရဲ့ဗီဒီယို

နာမည်ကြီးအလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းကတော့ မိတ်ကပ်လောကမှာ မသိသူမရှိလောက်အောင် အောင်မြင်နေပြီးသား ဖြစ်ပါတယ် ။ မိတ်ကပ်ပညာရှင်အလုပ်ကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်ခဲ့တဲ့ လင်းလင်းက ကိုယ်တိုင်အလှပြင်သင်တန်းကိုပါ ဖွင့်လှစ်သင်ကြားပေးနေပြီလည်း ဖြစ်ပါတယ် ။ လင်းလင်းရဲ့ထူးချွန်တဲ့အရည်အချင်းနဲ့ ဖန်တီးမှုတွေကိုလည်း Customer တွေက သဘောကျနှစ်ခြိုက်ကြတာကြောင့် ပိုမိုအောင်မြင်နေတာ ဖြစ်ပါတယ် ။

အထူးသဖြင့် လင်းလင်းက မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တော်တော်များများကို ပြင်ဆင်ခြယ်သပေးနေရတာလည်း ဖြစ်ပါတယ် ။ အခုရက်ပိုင်းမှာလည်း လင်းလင်းက မင်းသမီးချောထက်ထက်မိုးဦးအတွက် မိတ်ကပ်လိမ်းခြယ်ပေးနေရတာပဲ ဖြစ်ပါတယ် ။ လင်းလင်းကတော့ ချစ်စရာကောင်းတဲ့ ထက်ထက်မိုးဦးကို အရင်ကထက်ပိုလှသွားအောင် အလှပဆုံး ပြင်ဆင်ပေးလိုက်နိုင်တာ ဖြစ်ပါတယ် ။

အခုလည်း လင်းလင်းက ထက်ထက်ကိုမိတ်ကပ်လိမ်းပေးရင်း သူမရဲ့အလုပ်ကိုပါ လိုက်လေ့လာခဲ့တာ ဖြစ်ပါတယ် ။ လင်းလင်းက Live လွှင့်ပြီး ကားရောင်းပေးနေတဲ့ ထက်ထက်ကိုကြည့်ရင်း သဘောကျနေခဲ့တာပဲ ဖြစ်ပါတယ် ။ လင်းလင်းနဲ့ ထက်ထက်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုခင်မင်ရင်းနှီးနေကြတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မိတ်ကပ်လင်းလင်းနဲ့ မင်းသမီးချော ထက်ထက်မိုးဦးတို့ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Lin Linn

credit – myanmarload

  • Leave a Comment