ထက္ထက္မိုးဦးကိုခ်စ္လို႔ Live မွာ သိန္း (၅၀) တန္ နားဆြဲေလး ဝယ္ယူအားေပးခဲ့တဲ့ ဝတ္မႈန္ေ႐ႊရည္

ႏိုင္ငံေက်ာ္မင္းသမီးေလး ဝတ္မႈံေ႐ႊရည္ကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္တိုင္းကို စိတ္ေရာကိုယ္ပါနစ္ၿပီး အေကာင္းဆုံး သ႐ုပ္ေဆာင္တတ္သူေလး ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ရဲ႕ ေျပာင္ေျမာက္လွတဲ့ အႏုပညာအရည္အေသြးေၾကာင့္ ႏိုင္ငံျခားက ဒါ႐ိုက္တာေတြ၊ သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း သူမကို သတိထားမိၿပီး အားေပးလက္ခံၾကတာကို ေတြ႕ရပါတယ္။

ကိုယ္တိုင္ထိပ္တန္းမင္းသမီးတစ္ေယာက္ျဖစ္ေပမယ့္ စီနီယာအစ္ကို အစ္မေတြအေပၚလည္း ေလးစားခ်စ္ခင္မႈအျပည့္ရွိတဲ့ ဝတ္မႈံေ႐ႊရည္က ဒီတစ္ေခါက္မွာလည္း သ႐ုပ္ေဆာင္ ထက္ထက္မိုးဦး Live လႊင့္ၿပီး ေရာင္းေပးတဲ့ သိန္း (၅၀) တန္ နားဆြဲေလးကို ဝယ္ယူအားေပးခဲ့ပါတယ္။ နားဆြဲေလးရဲ႕ မူလတန္ဖိုးကေတာ့ သိန္း (၆၅) ရွိၿပီး ထက္ထက္မိုးဦးရဲ႕ ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့ေျပာဆိုမႈေတြေၾကာင့္ ဝတ္မႈံေ႐ႊရည္က သိန္း (၁၅) ေလာက္သက္သာၿပီး ရရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။

ဝတ္မႈံေ႐ႊရည္ကေတာ့ ထက္ထက္မိုးဦးဆီကေန သိန္း (၅၀) တန္ နားဆြဲေလး ဝယ္ယူအားေပးၿပီး ခ်စ္တဲ့့အေၾကာင္းေတြ သက္ေသျပခဲ့တာပဲ ျဖစ္ပါတယ္။ ထက္ထက္ကလည္း ဝတ္မႈံေ႐ႊရည္ကို ခ်စ္တဲ့အတြက္ ဆိုင္ရွင္ကို ေစ်းေတြေလွ်ာ့ခိုင္းခဲ့တာ ပရိသတ္ႀကီးမ်က္ျမင္ပါပဲေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Video ၾကည့္ရန္

Unicode

ထက်ထက်မိုးဦးကိုချစ်လို့ Live မှာ သိန်း (၅၀) တန် နားဆွဲလေး ဝယ်ယူအားပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း သူမကို သတိထားမိပြီး အားပေးလက်ခံကြတာကို တွေ့ရပါတယ်။

ကိုယ်တိုင်ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပေမယ့် စီနီယာအစ်ကို အစ်မတွေအပေါ်လည်း လေးစားချစ်ခင်မှုအပြည့်ရှိတဲ့ ဝတ်မှုံရွှေရည်က ဒီတစ်ခေါက်မှာလည်း သရုပ်ဆောင် ထက်ထက်မိုးဦး Live လွှင့်ပြီး ရောင်းပေးတဲ့ သိန်း (၅၀) တန် နားဆွဲလေးကို ဝယ်ယူအားပေးခဲ့ပါတယ်။ နားဆွဲလေးရဲ့ မူလတန်ဖိုးကတော့ သိန်း (၆၅) ရှိပြီး ထက်ထက်မိုးဦးရဲ့ လျှော့လျှော့ပေါ့ပေါ့ပြောဆိုမှုတွေကြောင့် ဝတ်မှုံရွှေရည်က သိန်း (၁၅) လောက်သက်သာပြီး ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ထက်ထက်မိုးဦးဆီကနေ သိန်း (၅၀) တန် နားဆွဲလေး ဝယ်ယူအားပေးပြီး ချစ်တဲ့့အကြောင်းတွေ သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း ဝတ်မှုံရွှေရည်ကို ချစ်တဲ့အတွက် ဆိုင်ရှင်ကို စျေးတွေလျှော့ခိုင်းခဲ့တာ ပရိသတ်ကြီးမျက်မြင်ပါပဲနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

  • Leave a Comment