




credit – Myanmarload

Unicode

မျက်နှာလေးမြင်လိုက်တာနဲ့ ချစ်ချင်စရာကောင်းပြီး အရုပ်မလေးနဲ့တူတဲ့သမီးချောလေးကို မွေးဖွားထားတဲ့ ဇူးဇူးမောင်တို့ဇနီးမောင်နှံ

မင်းသမီးချော ဇူးဇူးမောင်ကတော့ အနုပညာလောကကနေ အနားယူခဲ့တာဟာဆိုရင် အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဇူးဇူးမောင်က ပရိသတ်တွေရဲ့ရင်ထဲမှာ ယနေ့အချိန်အထိတိုင်အောင် နေရာယူထားဆဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဇူးဇူးမောင်က သမီးချောလေးနှစ်ယောက်တောင် ရရှိနေပြီလည်း ဖြစ်ပါတယ်။

အခုလက်ရှိမှာ ဇူးဇူးမောင်တို့မိသားစုလေးကတော့ အမေရိကန်မှာပဲ အခြေချနေထိုင်နေကြတာ ဖြစ်ပါတယ် ။ ပြည်ပမှာနေနေပေမယ့် ဇူးဇူးမောင်ရဲ့သမီးလေးက မြန်မာစကားကို ကျွမ်းကျင်စွာပြောနိုင်ပြီး အရမ်းကိုလိမ္မာရေးခြားရှိနေတာ ဖြစ်ပါတယ် ။ အခုလည်း ဇူးဇူးမောင်က အရုပ်မလေးနဲ့တူတဲ့ သမီးချောလေး Chloe ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

ဇူးဇူးမောင်က “Chloe လေးက မီးမီးကိုချစ်တဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်တဲ့ မီးမီးကလည်း အများကြီးချစ်တယ် kisses တွေအများကြီးပေးလိုက်မယ်တဲ့ ချိုကလည်း သမီးလေးကို ချစ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်ဖို့ကောင်းတဲ့ ဇူးဇူးမောင်ရဲ့သမီးကြီး Chloeရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit- ACC Channel by Alison,Chloe & Cho

credit – Myanmarload

  • Leave a Comment