




credit – myanmarload

Unicode

Tik Tok မှာအရမ်းနာမည်ကြီးနေတဲ့ ဗီဒီယိုလေးကို တစ်မျိုးဆန်းသစ်စွာ အမိုက်စားပြန်ဆော့ပြလိုက်တဲ့ မိုးယုစံ

ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ အလှမယ်၊ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ မိုးယုစံက ရုပ်ရည်လေးကချောမောလှပသလို အသားအရည်လေးကလည်း ဖြူဖွေးဝင်းဥနေတဲ့ မိန်းမချောလေး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မိုးယုစံက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားထားတာတောင်မှ အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ မိုးယုစံက ချစ်ခင်ပွန်း၊သားလေးတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတဲ့ မိုးယုစံက သားလေးကို အချိန်ပြည့်ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။ သားလေးရဲ့ ချစ်စရာ ဗီဒီယိုလေးတွေကိုလည်း မကြာခဏဖော်ပြလေ့ရှိတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ Tik Tok မှာအရမ်းနာမည်ကြီးနေတဲ့ ဗီဒီယိုလေးကို တစ်မျိုးဆန်းသစ်စွာ အမိုက်စားပြန်ဆော့ပြထားကာ သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးထဲမှာ မိုးယုတစ်ယောက် ခေးမေလို့ မထင်မှတ်ရလောက်အောင် ခုချိန်ထိ နုပျိုလှပကာ ဆွဲဆောင်မှုရှိလွန်းနေတာလည်းဖြစ်ပါတယ် ။ ချစ်ပရိသတ်ကြီးအတွက် မိုးယုရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit : Moe Yu San

credit – myanmarload

  • Leave a Comment