ညအိပ္ခ်ိန္မွာ ေဖေဖကိုယ္တိုင္ဂစ္တာေလးတီးျပီး သီခ်င္းဆိုသိပ္ခိုင္းတတ္တဲ့ သမီးေလး စစ္လြန္းဝတီထက္အေၾကာင္းေျပာလာတဲ့ စိုင္းလႊမ္း

သရုပ္ေဆာင္နဲ့ အဆိုေတာ္ စိုင္းလႊမ္းကေတာ့ တစ္ခ်ိန္က အနုပညာေလာကမွာ ပ်ိဳတိုင္းၾကိဳက္တဲ့ နွင္းဆီခိုင္တစ္ေယာက္ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ စိုင္းလႊမ္းက အခုဆိုရင္ အိမ္ေထာင္က်ျပီးျပီျဖစ္ျပီး စစ္လြန္းဝတီထက္ဆိုတဲ့ သမီးအလိမၼာေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားတာ ပရိသတ္ၾကီးအားလံုးလည္း သိျပီးသား ျဖစ္မွာပါ။ စိုင္းလႊမ္းကေတာ့ သမီးေလးကိုလည္း ရင္အုပ္မကြာေစာင့္ေရွာက္ေနရသလို စီးပြားေရးအလုပ္ေတြကိုလည္း လုပ္ကိုင္ေနရတာေၾကာင့္ အနုပညာအလုပ္ေတြကို အရင္ကေလာက္ အခ်ိန္ေပး မလုပ္ကိုင္နိုင္ေတာ့တာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း စိုင္းလႊမ္းက ညအိပ္ခ်ိန္မွာ ေဖေဖကိုယ္တိုင္ဂစ္တာေလးတီးျပီး သီခ်င္းဆိုသိပ္ခိုင္းတဲ့ သမီးေလး စစ္လြန္းဝတီထက္အေၾကာင္းကို “ပုံျပင္နဲ႔တူတယ္ေလ.. လူေတြ ငယ္ငယ္တုန္းကဆိုးလို႔ ႀကီးလာေတာ့ေနာင္တရတဲ့ သီခ်င္းေလ.. ပါးဆိုျပပါဆိုလို႔ …ေတာ္ေတာ္စဥ္းစားလိုက္ရတယ္ 😖 ဂ်စ္ပစီမိုးတိမ္ လည္း သူနဲ႔ေတြ႕မွ ပဲ 🙄 သူကိုယ္တိုင္႐ိုက္ေပးၿပီး သီခ်င္းၿပီးတာနဲ႔တန္းအိပ္ camera girl စစ္လြန္း…” ဆိုျပီး သမီးေလး စစ္လြန္းဝတီထက္ကို ဆိုျပခဲ့တဲ့ သီခ်င္းေလးကို ဗီဒီယိုေလးရိုက္ျပီး အခုလိုပဲ မွ်ေဝေပးလာပါတယ္။

အေဖတစ္ခု သမီးတစ္ခုနဲ့ ေပ်ာ္ရႊင္တဲ့ မိသားစုဘဝကိုတည္ေဆာက္ထားတဲ့ စိုင္းလႊမ္းနဲ့ စစ္လြန္းဝတီထက္က တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ျပီး သံေယာဇဥ္ရိွၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sai Hlwan
credit – Cele Connections

Unicode

ညအိပ်ချိန်မှာ ဖေဖေကိုယ်တိုင်ဂစ်တာလေးတီးပြီး သီချင်းဆိုသိပ်ခိုင်းတတ်တဲ့ သမီးလေး စစ်လွန်းဝတီထက်အကြောင်းပြောလာတဲ့ စိုင်းလွှမ်း

သရုပ်ဆောင်နဲ့ အဆိုတော် စိုင်းလွှမ်းကတော့ တစ်ချိန်က အနုပညာလောကမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းက အခုဆိုရင် အိမ်ထောင်ကျပြီးပြီဖြစ်ပြီး စစ်လွန်းဝတီထက်ဆိုတဲ့ သမီးအလိမ္မာလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ပရိသတ်ကြီးအားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ စိုင်းလွှမ်းကတော့ သမီးလေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်နေရသလို စီးပွားရေးအလုပ်တွေကိုလည်း လုပ်ကိုင်နေရတာကြောင့် အနုပညာအလုပ်တွေကို အရင်ကလောက် အချိန်ပေး မလုပ်ကိုင်နိုင်တော့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း စိုင်းလွှမ်းက ညအိပ်ချိန်မှာ ဖေဖေကိုယ်တိုင်ဂစ်တာလေးတီးပြီး သီချင်းဆိုသိပ်ခိုင်းတဲ့ သမီးလေး စစ်လွန်းဝတီထက်အကြောင်းကို “ပုံပြင်နဲ့တူတယ်လေ.. လူတွေ ငယ်ငယ်တုန်းကဆိုးလို့ ကြီးလာတော့နောင်တရတဲ့ သီချင်းလေ.. ပါးဆိုပြပါဆိုလို့ …တော်တော်စဉ်းစားလိုက်ရတယ် 😖 ဂျစ်ပစီမိုးတိမ် လည်း သူနဲ့တွေ့မှ ပဲ 🙄 သူကိုယ်တိုင်ရိုက်ပေးပြီး သီချင်းပြီးတာနဲ့တန်းအိပ် camera girl စစ်လွန်း…” ဆိုပြီး သမီးလေး စစ်လွန်းဝတီထက်ကို ဆိုပြခဲ့တဲ့ သီချင်းလေးကို ဗီဒီယိုလေးရိုက်ပြီး အခုလိုပဲ မျှဝေပေးလာပါတယ်။

အဖေတစ်ခု သမီးတစ်ခုနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကိုတည်ဆောက်ထားတဲ့ စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီး သံယောဇဉ်ရှိကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Hlwan
credit – Cele Connections

  • Leave a Comment