ထက္ထက္မိုးဦးရဲ႕ ျပန္လည္ေအာင္ျမင္လာမႈကို ထီေပါက္တာထက္ ပိုေပ်ာ္႐ႊင္မိတယ္လို႔ ခ်ီး​က်ဴးစကားဆိုလာတဲ့ မ်ိဳးမင္းစိုး

ဒီဇိုင္နာ မ်ိဳးမင္းစိုးကေတာ့ သူရဲ႕ ဖန္တီးႏိုင္စြမ္းေတြေၾကာင့္ ထိပ္တန္းမင္းသား မင္းသမီးေတြရဲ႕ လက္စြဲျဖစ္ၿပီး ပင္တိုင္ ဒီဇိုင္နာတစ္​ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ကိုယ္ပိုင္ Brandတစ္ခုကို တည္ေထာင္ထားၿပီး ပရိသတ္အားေပးခ်စ္ခင္မႈကို တစ္ခဲနက္ရရွိပိုင္ဆိုင္ထားသူပါ။ မ်ိဳးမင္းစိုးက အႏုပညာလမ္းေၾကာင္းထက္မွာ ေလွ်ာက္လွမ္းလာခဲ့တာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ၿပီး မင္းသမီးႀကီး ထက္ထက္မိုးဦးနဲ႔လည္း အေတာ္ေလး ရင္းႏွီးတာကို ေတြ႕ရပါတယ္။

ယေန႔မွာေတာ့ ထက္ထက္မိုးဦးရဲ႕ ျပန္လည္ေအာင္ျမင္လာမႈေတြကို ဝမ္းသာအားရနဲ႔ မ်ိဳးမင္းစိုးက သူရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ေရးသားမွ်ေဝလာတာပါ။ ” ေနာက္ဆုံးေတာ့ထက္ထက္မိုးဦးကထက္ထက္မိုးဦးပါပဲေနာ္ ခုခ်ိန္မွာထက္ထက္Live လႊင္ၿပီးရတနာေတြေရာင္းတာမလြတ္တမ္းေစာင့္ၾကည့္ေနရပါၿပီေနာ္ ၾကည့္ရႉသူအမ်ားဆုံးနဲ႔အေအာင္ျမင္ဆုံးေနရာတစ္ခုမွာရက္မအားရေလေအာင္အလုပ္ေတြအျပည့္နဲ႔ျပန္လုပ္ေနတာျမင္ေတြ႕ေနရပါၿပီေနာ္။ ခုလည္းlive လႊင့္ၿပီးေရာင္းတဲ့ထဲမွာထိပ္ဆုံးကေၾကာ္ျငာဘုရင္မႀကီးျဖစ္ေနပါၿပီ

ႏွစ္လိုဖြယ္ေကာင္းေသာအသံခ်ိဳခ်ိဳေလးနဲ႔ယဥ္ေက်းစြာေျပာတတ္တာေလးကိုကထူးျခားေနတာပါ။ ျပည္သူခ်စ္တဲ့အႏုပညာရွင္ဆိုတာဘယ္အေနအထားေရာက္ေရာက္ျပည္သူေတြခ်စ္ၾကတာျငင္းလို႔မရပါဘူးေနာ္ ခုလို႔ေၾကာ္ျငာတစ္ေခတ္မွာထက္ထက္ျပန္ၿပီးထိပ္ဆုံးျပန္ေရာက္ေနတာေတြ႕ရလို႔ ကိုယ္ထီေပါက္တာထက္ေတာင္ပိုလို႔ဝမ္းသာေပ်ာ္႐ႊင္ရပါတယ္ေနာ္ ” ဆိုၿပီး ေရးသားထားတဲ့အျပင္ ႏွစ္ေယာက္အတူ ပြဲတက္ေရာက္ခဲ့တဲ့ အမွတ္တရပုံေလးေတြကိုလည္း တင္ေပးလာတာေၾကာင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္…..။

Source – Myo Min Soe

credit – Myanmarload

Unicode

ထက်ထက်မိုးဦးရဲ့ ပြန်လည်အောင်မြင်လာမှုကို ထီပေါက်တာထက် ပိုပျော်ရွှင်မိတယ်လို့ ချီး​ကျူးစကားဆိုလာတဲ့ မျိုးမင်းစိုး

ဒီဇိုင်နာ မျိုးမင်းစိုးကတော့ သူရဲ့ ဖန်တီးနိုင်စွမ်းတွေကြောင့် ထိပ်တန်းမင်းသား မင်းသမီးတွေရဲ့ လက်စွဲဖြစ်ပြီး ပင်တိုင် ဒီဇိုင်နာတစ်​ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် Brandတစ်ခုကို တည်ထောင်ထားပြီး ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူပါ။ မျိုးမင်းစိုးက အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းလာခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပြီး မင်းသမီးကြီး ထက်ထက်မိုးဦးနဲ့လည်း အတော်လေး ရင်းနှီးတာကို တွေ့ရပါတယ်။

ယနေ့မှာတော့ ထက်ထက်မိုးဦးရဲ့ ပြန်လည်အောင်မြင်လာမှုတွေကို ဝမ်းသာအားရနဲ့ မျိုးမင်းစိုးက သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေလာတာပါ။ ” နောက်ဆုံးတော့ထက်ထက်မိုးဦးကထက်ထက်မိုးဦးပါပဲနော် ခုချိန်မှာထက်ထက်Live လွှင်ပြီးရတနာတွေရောင်းတာမလွတ်တမ်းစောင့်ကြည့်နေရပါပြီနော် ကြည့်ရှူသူအများဆုံးနဲ့အအောင်မြင်ဆုံးနေရာတစ်ခုမှာရက်မအားရလေအောင်အလုပ်တွေအပြည့်နဲ့ပြန်လုပ်နေတာမြင်တွေ့နေရပါပြီနော်။ ခုလည်းlive လွှင့်ပြီးရောင်းတဲ့ထဲမှာထိပ်ဆုံးကကြော်ငြာဘုရင်မကြီးဖြစ်နေပါပြီ

နှစ်လိုဖွယ်ကောင်းသောအသံချိုချိုလေးနဲ့ယဉ်ကျေးစွာပြောတတ်တာလေးကိုကထူးခြားနေတာပါ။ ပြည်သူချစ်တဲ့အနုပညာရှင်ဆိုတာဘယ်အနေအထားရောက်ရောက်ပြည်သူတွေချစ်ကြတာငြင်းလို့မရပါဘူးနော် ခုလို့ကြော်ငြာတစ်ခေတ်မှာထက်ထက်ပြန်ပြီးထိပ်ဆုံးပြန်ရောက်နေတာတွေ့ရလို့ ကိုယ်ထီပေါက်တာထက်တောင်ပိုလို့ဝမ်းသာပျော်ရွှင်ရပါတယ်နော် ” ဆိုပြီး ရေးသားထားတဲ့အပြင် နှစ်ယောက်အတူ ပွဲတက်ရောက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း တင်ပေးလာတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…..။

Source – Myo Min Soe

credit – Myanmarload

  • Leave a Comment