ငွေရေးကြေးရေး အခက်အခဲများကြားမှ ခွေးလေခွေးလွင့်များကို ကြည့်ပြီး သနားမိလို့ ပြုစုခဲ့တဲ့ ထီးဆေးခြယ်သူဦးလေး

စင်္ကာပူအမျိုးသား Mr Akira ဟာ အိုးမဲ့အိမ်မဲ့ ခွေးလေခွေးလွင့်များကို မွေးစားပြီး ပြုစုစောင့်ရှောက်ခြင်းဖြင့် ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာပြီး သူ့ရဲ့ ကြင်နာတတ်တဲ့ စိတ်သဘောထားလေးတွေက လူအများအပြားကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ယခင်က Mr Akira ဟာ အနုပညာသမားအဖြစ်မှ အနားယူပြီးခွေးများကို မွေးစားခဲ့တာပါ။ ဒါ့အပြင် Mr Akira ဟာ ခွေးချစ်သူတစ်ဦးအဖြစ် လူသိများလာခဲ့ပါတယ်။

မစ္စတာ Akira က ဝင်ငွေနည်းတဲ့အတွက်ကြောင့် ခွေးများကို ပြုစုစောင့်ရှောက်ရန် မလွယ်ကူလှပါဘူး။ လက်ရှိမှာ မစ္စတာ Akira က Taco လို့ခေါ်တဲ့ သက်ကြီးရွယ်အို ခွေးလေးတစ်ကောင်ကို ပိုင်ဆိုင်ထားပြီး ထီးပေါ်ကို ခွေးလေးရဲ့ ပုံတွေ ရေးဆွဲခြင့်ဖြင့် ရောင်းချကာ ခွေးများကို ထောက်ပံ့ရန်အတွက် ငွေရှာခဲ့ရပါတယ်။ Mr Akira ဟာ ခွေးလေခွေးလွင့်များကို ချစ်ခင်စွာ အိမ်တစ်လုံး ပေးဆောင်နိုင်တဲ့အတွက် ပျော်ရွှင်နေပေမဲ့ သူတို့အတွက် ငွေကြေးထောက်ပံ့ရန် ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ Mr Akira က ခွေးများကို အပြည့်အဝ ပြုစုစောင့်ရှောက်ရန် ကြိုးစားနေပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories