မိသားစုအားလုံး အိမ်မှာစုဝေးနေချိန် ချစ်ခင်ကြင်နာမှုကို သက်သေပြရန် တစ်ယောက်ကိုတစ်ယောက် အနမ်းပေးကြတဲ့ ကြည်နူးစရာသက်ကြီးစုံတွဲနှစ်ဦး

သက်ကြီးအဘိုးအဘွားတွေအတွက် ပျော်ရွှင်မှုက သူတို့ရဲ့ သားသမီး၊မြေးတွေ ဆုံဆုံလင်လင်နဲ့ တစ်စုတစ်စည်းတည်း နေထိုင်တာမျိုးသာဖြစ်ပါတယ်။ အခုဟာလည်း သားသမီးတွေ ဆုံဆုံလင်လင်နဲ့ အိမ်ကို ပြန်လည်ရောက်ရှိချိန်မှာ အဘိုးနဲ့ အဘွားနှစ်က ပျော်ရွှင်ပြီး တစ်ယောက်ကိုတစ်ယောက် အနမ်းပေးခဲ့ကြတဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို သမီးဖြစ်သူက ရိုက်ကူးခဲ့ပါတယ်။

အထူးသဖြင့် သားသမီးမြေးများ အိမ်မှာ စုဝေးကြတဲ့ နေ့မှာ အဘိုးအဘွားက သပ်ရပ်တဲ့ ဝတ်စုံဖြင့် အိမ်မှ ထွက်လာခဲ့ပါတယ်။ သားသမီးမြေးမြစ်တွေရှေ့မှာ ဘိုးအဘွားများက ချစ်ခင်ကြင်နာစွာ လက်ကိုင်ထားပြီး အဘိုးက အဘွားကို ညင်သာစွာ နမ်းလိုက်ပါတယ်။ အဘိုးရဲ့အနမ်းက တခြားလူငယ်စုံတွဲတွေလို မဟုတ်ပေမယ့် အဘိုးရဲ့အနမ်းလေးတစ်ပွင့်ကတော့ လင်မယားနှစ်ယောက်ရဲ့ တစ်သက်တာချစ်ခြင်းမေတ္တာပါပဲ။

အဘိုးအဘွားတွေရဲ့ ချစ်ခင်မှုကို သက်သေပြပြီး သူတို့က အသက်ကြီးလာပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချိုမြိန်စွာ ပေးကမ်းကြပါသေးတယ်။ ဒီကလစ်ကိုကြည့်တဲ့အခါ အင်တာနက်အသုံးပြုသူတွေ စိတ်လှုပ်ရှားစေတဲ့အရာက အဘိုးအဘွားတွေရဲ့ အနမ်းတွေသာမက သူတို့ရဲ့ ပျော်ရွှင်တဲ့အပြုံးတွေပါ။ အဘိုးနဲ့အဘွားက တစ်ယောက်ကိုတစ်ယောက် နမ်းလိုက်ချိန်မှာတော့ အပြုံးမပျက်ဘဲ တောက်ပလွန်းလှပါတယ်။

JRose(Tgidailynews)

Zawgyi

မိသားစုအားလုံး အိမ္မွာစုေဝးေနခ်ိန္ ခ်စ္ခင္ၾကင္နာမႈကို သက္ေသျပရန္ တစ္ေယာက္ကိုတစ္ေယာက္ အနမ္းေပးၾကတဲ့ ၾကည္ႏူးစရာသက္ႀကီးစုံတြဲႏွစ္ဦး

သက္ႀကီးအဘိုးအဘြားေတြအတြက္ ေပ်ာ္႐ႊင္မႈက သူတို႔ရဲ႕ သားသမီး၊ေျမးေတြ ဆုံဆုံလင္လင္နဲ႔ တစ္စုတစ္စည္းတည္း ေနထိုင္တာမ်ိဳးသာျဖစ္ပါတယ္။ အခုဟာလည္း သားသမီးေတြ ဆုံဆုံလင္လင္နဲ႔ အိမ္ကို ျပန္လည္ေရာက္ရွိခ်ိန္မွာ အဘိုးနဲ႔ အဘြားႏွစ္က ေပ်ာ္႐ႊင္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ အနမ္းေပးခဲ့ၾကတဲ့ ၾကည္ႏူးစရာအခိုက္အတန္႔ေလးကို သမီးျဖစ္သူက ႐ိုက္ကူးခဲ့ပါတယ္။

အထူးသျဖင့္ သားသမီးေျမးမ်ား အိမ္မွာ စုေဝးၾကတဲ့ ေန႔မွာ အဘိုးအဘြားက သပ္ရပ္တဲ့ ဝတ္စုံျဖင့္ အိမ္မွ ထြက္လာခဲ့ပါတယ္။ သားသမီးေျမးျမစ္ေတြေရွ႕မွာ ဘိုးအဘြားမ်ားက ခ်စ္ခင္ၾကင္နာစြာ လက္ကိုင္ထားၿပီး အဘိုးက အဘြားကို ညင္သာစြာ နမ္းလိုက္ပါတယ္။ အဘိုးရဲ႕အနမ္းက တျခားလူငယ္စုံတြဲေတြလို မဟုတ္ေပမယ့္ အဘိုးရဲ႕အနမ္းေလးတစ္ပြင့္ကေတာ့ လင္မယားႏွစ္ေယာက္ရဲ႕ တစ္သက္တာခ်စ္ျခင္းေမတၱာပါပဲ။

အဘိုးအဘြားေတြရဲ႕ ခ်စ္ခင္မႈကို သက္ေသျပၿပီး သူတို႔က အသက္ႀကီးလာေပမဲ့ တစ္ေယာက္ကိုတစ္ေယာက္ ခ်ိဳၿမိန္စြာ ေပးကမ္းၾကပါေသးတယ္။ ဒီကလစ္ကိုၾကည့္တဲ့အခါ အင္တာနက္အသုံးျပဳသူေတြ စိတ္လႈပ္ရွားေစတဲ့အရာက အဘိုးအဘြားေတြရဲ႕ အနမ္းေတြသာမက သူတို႔ရဲ႕ ေပ်ာ္႐ႊင္တဲ့အၿပဳံးေတြပါ။ အဘိုးနဲ႔အဘြားက တစ္ေယာက္ကိုတစ္ေယာက္ နမ္းလိုက္ခ်ိန္မွာေတာ့ အၿပဳံးမပ်က္ဘဲ ေတာက္ပလြန္းလွပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories