အစ်ကိုဖြစ်သူ စာမေးပွဲဖြေဆိုနိုင်ရန် စာမေးပွဲခန်းဆီကို ကိုယ်တိုင် ကျော်ပိုးသယ်ဆောင်လာခဲ့တဲ့ ညီမလေး

မကြာသေးမီက XLV လို့ခေါ်တဲ့ မသန်စွမ်း ကောင်လေးဟာ သူ့ညီမရဲ့ အကူအညီနဲ့ ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ ညီမဖြစ်သူက သူ့အစ်ကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အထပ် ၄ ဆင့် တစ်လျှောက်လုံးကို ကျောပိုးသယ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ညီမက ဒီမသန်စွမ်းကောင်လေးကို အမှောင်မိုက်ဆုံးဘဝမှ ဆွဲထုတ်ခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ လူတစ်ဦးဖြစ်လာအောင် အားပေးခဲ့သူလည်းဖြစ်ပါတယ်။

သူ့ရဲ့ညီမအပြင် မိဘတွေကလည်း သူကို ဂရုစိုက်ပေးခဲ့ပါတယ်။ XLVတို့မိသားစုတစ်စုလုံးဟာ ယခင်က အလွန်ချမ်းသာကြပေမဲ့ သူ ၃ နှစ်အရွယ်မှာ သူ့ကို ပြုစုစောင့်ရှောက်ခြင်းကြောင့် ဒေဝါလီခံကာ အိမ်ရောင်းခဲ့ရပါတယ်။ ထို့နောက် သူ့မိသားစုရဲ့ကြီးမားတဲ့ တွန်းအားကြောင့် XLV က ပညာသင်ကြား၊ အလုပ်လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် သူ့ကိုယ်ပိုင်ငွေကို ရှာခဲ့ပါတယ်။ ဘဝမှာ အခက်အခဲများစွာရှိပေမဲ့ အရေးကြီးဆုံးအချက်မှာ ကျွန်ုပ်တို့ကို အားပေးမဲ့ မိသားစုနဲ့ ထိုအခက်အခဲအားလုံးကို ရင်ဆိုင်ဖို့သာဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories