နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကောင်မလေးရဲ့ ကိုယ်ပေါ်ကို powder မှုန့်ဖြင့် ကြက်ကြော်သဏ္ဏာန် ဖန်တီးခဲ့တဲ့ ကောင်လေး

မကြာသေးမီက ကောင်လေးတစ်ဦးဟာ နှစ်နှစ်ခြိုင်အိမ်ပျော်နေတဲ့ ကောင်မလေးရဲ့ ကိုယ်ပေါ်ကို talcum powder နဲ့ အခြားပါဝင် ပစ္စည်းများကို အသုံးပြုကာ မျက်နှာတစ်ခုတည်းကိုချန်ပြီး အထူးသဖြင့် ကြက်ကြော်ကဲ့သို့ ဝင်ရိုးစွန်းပုံသဏ္ဍာန်ကို ဖန်တီးခဲ့ပါတယ်။ ကြက်ကြော်နဲ့တူတဲ့ ချစ်သူကောင်မလေးရဲ့ “cosplay” ဓာတ်ပုံတွေကို အင်တာနင်ပေါ်မျှတေပြီး အင်တာနက်သုံးစွဲသူတွေ ရယ်မောစေခဲ့ပါတယ်။

ကောင်လေးရဲ့ လုပ်ပုံကြောင့် သူ့ကောင်မလေးဆီကနေ အရိုက်ခံရမှာလားဆိုပြီး လူအများက စိုးရိမ်နေကြဆဲပါ။ ကောင်မလေး နိုးလာတဲ့အခါမှာ အလွန်ထူထဲတဲ့ အမှုန့်အလွှာများဖြင့် ဝိုင်းရံနေတာကို တွေ့ရှိရပါတယ်။ ဒီကောင်ကိုတွေ့တော့ တရားခံက ဘယ်သူလဲဆိုတာ သူမသေချာသိနေပါတယ်။ ကောင်လေးက ဒေါသမျက်နှာဖြင့် ကောင်မလေးကို မြင်ပြီး တစ်ခုခုဖြစ်သွားတော့မှာကို အချက်ပြနေပေမဲ့ ဘယ်လို့ ချော့ရကောင်းမှန်းလည်း မသိဖြစ်နေပါတယ်။

ဒါ့ကြောင့်ကောင်လေးက သူ့ရဲ့ကောင်မလေးကို ကြက်ကြော်တစ်ဗူး ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှ ကောင်မလေးက ပြုံးပြီး ကောင်လေးပေးတဲ့ ကြက်ကြော်ကို စားနေခဲ့ပါတယ်။ ဒါဟာ ဟာသလေးတစ်ခုမျှသာဖြစ်ပေမဲ့ ကောင်လေးရဲ့ဓာတ်ပုံများဟာ အင်တာနက်အသုံးပြုသူများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories