တရုတ်နှစ်သစ်ကူးအတွက် မိဘဆီကို ခွေးအကောင်ရေ ၁၇ ကောင်နဲ့ အိမ်ပြန်လာခဲ့ပြီး မိဘကို အံ့အားသင့်စေခဲ့တဲ့ မိန်းကလေး

သတင်းတွေအရတော့ တရုတ်နှစ်သစ်ကူးတုန်းက အမျိုးသမီးဟာ တရုတ်နိုင်ငံ Chongqing အိမ်ကို ပြန်လာခဲ့ပြီး Husky dogs တွေကို အိမ်ပြန်ခေါ်လာခဲ့ပေမယ့် တစ်ကောင်သာ ယူဆောင်လာခဲ့တာမဟုတ်ဘဲ သူမနဲ့ အတူ huskies 17 ကောင်ခေါ်လာခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ မိဘတွေက သမီးကို ပထမဆုံးတွေ့တော့ အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်မှာ သမီးလေး အိမ်မပြန်ဘူးလို့ သူတို့ကထင်ခဲ့တာပါ။

ကောင်မလေးမှာ ခွေးတွေ အများကြီးရှိရတဲ့ အကြောင်းအရင်းကတော့ အရင်က ခွေးကဖေးဆိုင်ဖွင့်ထားတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဆိုင်ပိတ်ခဲ့ရပါတယ်။ ခွေးတွေနဲ့ ခွဲလို့မရတာကြောင့် ခွေးကို မွေးစားနေတုန်းဖြစ်တဲ့အတွက် မိသားစုတွေကလည်း သူမကို ကောင်းကောင်းနားလည်ပေးကြပါတယ်။ ထို့အပြင် သူမရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories