မီးဖိုချောင်မှာ ပန်းကန်တွေဆေးနေတဲ့ ချွေးမကို ဧည့်ခန်းမှာ အစာစားရင်း အေးအေးဆေးဆေးနားနေရန် ပြောဆိုနေတဲ့ ချစ်စရာယောက္ခမကြီး

ယောက္ခမနဲ့ချွေးမကြားက ဆက်ဆံရေးဟာ မျိုးဆက်နှစ်ခုကြား ကွဲပြားမှုတွေ၊ ဘဝနေထိုင်မှုပုံစံ မတူညီတာတွေကြောင့် အငြင်းပွါးစရာပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ယောက္ခမက ၎င်းတို့ရဲ့ချွေးမကို သမီးလေးအဖြစ် မှတ်ယူကာ၊ အမြဲတမ်းချစ်၊ အမြဲတမ်းဂရုစိုက်ပေးတဲ့ ယောက္ခမလည်းရှိပါတယ်။ အခုတခါမှာ ပန်းကန်ဆေးနေတဲ့ ချွေးမကို အေးအေးဆေးဆေးထိုင်နေရန် ပြောနေတဲ့ ယောက္ခမဖြစ်သူကို လူအများက သဘောကျခဲ့ပါတယ်။

နှစ်သစ်ကူးနေ့မှာ မိသားစုတိုင်းဟာ ဟင်းအမယ်များစွာကို စီစဉ်လေ့ရှိကြပြီး ချစ်ရသူ၊ဆွေမျိုးသားချင်းများကို အိမ်ကို ဖိတ်ခေါ်ကာ ထမင်းဗန်းပတ်လည်မှာ ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းဖွဲ့ကြတဲ့အခါ ယောက္ခမဖြစ်သူက မီးဖိုချောင်ထဲမှာ စုပြုံနေပြီး ပန်းကန်ဆေးတဲ့ ချွေးမကို ယောက္ခမဖြစ်သူက တွေ့ရှိခဲ့ပါတယ်။ ချက်ခြင်း ထရပ်လိုက်ပြီး “မင်း ဘာလုပ်နေတာလဲ၊ အဲဒါတွေ ထားလိုက်၊ လက်ကို မြန်မြန်ပြီး ထိုင်နေ” ဆိုတဲ့ စကားသံကိုကြားတော့ ချွေးမဖြစ်သူက ရပ်လိုက်ပြီး ဆွေမျိုးတွေနဲ့ အတူစားရန် ဧည့်ခန်းကို သွားခဲ့ပါတယ်။ လူတိုင်းကတော့ ဒီချစ်စရာကောင်းတဲ့ ယောက္ခမကို သဘောကျနေကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories