လူစကားကိုနားလည်တဲ့အပြင် ဘဲလေးက အရမ်းပါးနပ်လွန်းတာကြောင့် သမီးလေးအဖြစ် မွေးမြူခဲ့တဲ့ အမျိုးသမီး

မကြာသေးမီက Mickey လို့အမည်ရတဲ့ ဘဲဖြူလေးဟာ အင်တာနက်ပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။ ပိုင်ရှင်ရဲ့ ပြောကြားချက်အရ ဈေးသွားတုန်းက ဘဲကို တွေ့တော့ သဘောကျသွားပြီး မွေးမြူဖို့ အိမ်ဝယ်ပြန်လိုက်တယ်လို့ ဘဲပိုင်ရှင်က ပြောပါတယ်။ အိမ်ပြန်ရောက်ပြီး ၂ ရက်သာ ရှိသေးတဲ့ Mickey က အလွန်လိမ္မာပါးနပ်တာကို ပိုင်ရှင်က တွေ့တော့ ဘဲလေးကို ပိုပိုပြီး ချစ်လာခဲ့ပါတယ်။ ထိုအချိန်မှစပြီး အမျိုးသမီးက ဘဲတစ်ကောင်ကို သမီးလေးအဖြစ် မွေးမြူခဲ့ပါတယ်။

ထို့အပြင်၊ ဘဲကို ပုံမှန်ရေချိုး၊ ပွတ်တိုက်ပေးကာ အဝတ်အစားနဲ့ ဖိနပ်များပင် ဝတ်ဆင်ပေးထားပါတယ်။ Mickey ဟာ သားပေါက်ကတည်းက ပိုင်ရှင်ရဲ့ လက်ထဲကြီးပြင်းလာတဲ့အတွက် Mickey ဟာ သူ့ပိုင်ရှင်ကို အလွန်အမင်း တွယ်ကပ်နေခဲ့ပါတယ်။ Mickey ဟာ ဘာသာစကား ၃ မျိုးနားလည်တဲ့အတွက် ၎င်းက လူတိုင်းကို အံ့အားသင့်စေပါတယ်။ အမျိုးသမီးရဲ့မြေးက တစ်ခါတစ်ရံမှာ ဘဲတစ်ကောင်နဲ့ အင်္ဂလိပ် (သို့) ကိုရီးယားဘာသာဖြင့် ပြောဆိုတတ်ပြီး ဘဲက နားလည်တဲ့ပုံစံနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အသိဉာဏ်ရှိလွန်းတဲ့ ဘဲလေးကြောင့် လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

လူစကားကိုနားလည္တဲ့အျပင္ ဘဲေလးက အရမ္းပါးနပ္လြန္းတာေၾကာင့္ သမီးေလးအျဖစ္ ေမြးျမဴခဲ့တဲ့ အမ်ိဳးသမီး

မၾကာေသးမီက Mickey လို႔အမည္ရတဲ့ ဘဲျဖဴေလးဟာ အင္တာနက္ေပၚမွာ ေရပန္းစားလာခဲ့ပါတယ္။ ပိုင္ရွင္ရဲ႕ ေျပာၾကားခ်က္အရ ေဈးသြားတုန္းက ဘဲကို ေတြ႕ေတာ့ သေဘာက်သြားၿပီး ေမြးျမဴဖို႔ အိမ္ဝယ္ျပန္လိုက္တယ္လို႔ ဘဲပိုင္ရွင္က ေျပာပါတယ္။ အိမ္ျပန္ေရာက္ၿပီး ၂ ရက္သာ ရွိေသးတဲ့ Mickey က အလြန္လိမၼာပါးနပ္တာကို ပိုင္ရွင္က ေတြ႕ေတာ့ ဘဲေလးကို ပိုပိုၿပီး ခ်စ္လာခဲ့ပါတယ္။ ထိုအခ်ိန္မွစၿပီး အမ်ိဳးသမီးက ဘဲတစ္ေကာင္ကို သမီးေလးအျဖစ္ ေမြးျမဴခဲ့ပါတယ္။

ထို႔အျပင္၊ ဘဲကို ပုံမွန္ေရခ်ိဳး၊ ပြတ္တိုက္ေပးကာ အဝတ္အစားနဲ႔ ဖိနပ္မ်ားပင္ ဝတ္ဆင္ေပးထားပါတယ္။ Mickey ဟာ သားေပါက္ကတည္းက ပိုင္ရွင္ရဲ႕ လက္ထဲႀကီးျပင္းလာတဲ့အတြက္ Mickey ဟာ သူ႔ပိုင္ရွင္ကို အလြန္အမင္း တြယ္ကပ္ေနခဲ့ပါတယ္။ Mickey ဟာ ဘာသာစကား ၃ မ်ိဳးနားလည္တဲ့အတြက္ ၎က လူတိုင္းကို အံ့အားသင့္ေစပါတယ္။ အမ်ိဳးသမီးရဲ႕ေျမးက တစ္ခါတစ္ရံမွာ ဘဲတစ္ေကာင္နဲ႔ အဂၤလိပ္ (သို႔) ကိုရီးယားဘာသာျဖင့္ ေျပာဆိုတတ္ၿပီး ဘဲက နားလည္တဲ့ပုံစံနဲ႔ တုံ႔ျပန္ခဲ့ပါတယ္။ အသိဉာဏ္ရွိလြန္းတဲ့ ဘဲေလးေၾကာင့္ လူတိုင္းကို အံ့အားသင့္ေစခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories