



Video ကြည့်ရန်

Unicode

ဒီကနေ့ သိန်းထောင်ကျော်တန်ကားတွေကို Live လွှင့်ပြီးရောင်းတာ (၇)စီးရောင်းရလို့ ပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦး

နိုင်ငံကျော် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ထက်ထက်ဟာ ယနေ့ချိန်အထိလည်း သူမရဲ့ အောင်မြင်မှုတွေက ရပ်တန့်သွားခြင်းမရှိသေးဘဲ ဆထက်တိုးကာ ကျော်ကြားနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မထက်ကို အမြဲချစ်ခင် အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ ကျောက်မျက်ရတနာပစ္စည်းများကို Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ မထက်ရဲ့ ရောင်းအားတွေကလည်း အများနဲ့မတူဘဲ သိန်းထောင်ဂဏန်းရောင်းချရတာကြောင့် အားလုံးက အံ့အားသင့်နေရတာလည်း ဖြစ်ပါတယ်။ တန်ဖိုးကြီးကားတွေကို ရောင်းချကာ သူမကိုယ်တိုင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ်လို့လည်း သတင်းကောင်းပါးထားပါသေးတယ်။

ဒီနေ့မှာတော့ ထက်ထက်မိုးဦးက Live လွှင့်ပြီး ကားတွေရောင်းခြခဲ့ရာ 7 စီးတောင်ရောင်းရလို့ပျော်ရွှင်နေပါတယ်။ ထက်ထက်မိုးဦးက “ထက် နဲ့ ဒီနေ့ YP7 Company Limited live sale မှာ YP 7 ဆိုတဲ့ အတိုင်း lucky ဂဏာန်း ကား ၇ စီး ရောင်းရတယ်။ ၄ စီးကတော့ စရံဝင်သွားပြီတဲ့နော်အားပေးကြသူအားလုံးကို YP 7 ကရော ထက်ကရော ကျေးဇူးတင်ပါတယ်ရှင့် (ထက်ကို ယုံကြည်ပြီး အနယ်နယ် အရပ်ရပ် ဝယ်ပေးကြတာ ) အရမ်း အရမ်းချစ်တယ်” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

  • Leave a Comment