ကလေးရဲ့ စွမ်းရည်ကို မြင့်တင်ပေးဖို့ ကလေးကို တောက်ပတဲ့ အဖြူရောင်ကားပေါ်မှာ ရောင်စုံခဲတံနဲ့ ရေးဆွဲခွင့်ပေးတဲ့ အကြင်နာဆုံးဖခင်

ကလေးများက တစ်ခါတရံ နေရာအနှံ့ ရေးရတာ ကြိုက်တဲ့အတွက် မိဘတိုင်းကို ခေါင်းကိုက်စေခဲ့ပါတယ်။ အထူးသဖြင့် ကားတစ်စီးဆိုရင် အဖေက ကလေးကို ဆဲမိမှာ သေချာပါတယ်။ ဒါပေမယ့် ဒီအကြင်နာဆုံးဖခင်က မတူပါဘူး။ စင်္ကာပူဖခင်တစ်ဦးဟာ သူ့ကလေးရဲ့ အနုပညာလက်ရာကို ပြသရန် အဖြူရောင်ကားပေါ်မှာ ကလေးရေးဆွဲဖို့ ကားကို စတေးခဲ့ပါတယ်။ သူ့ရဲ့တောက်ပနေတဲ့ အဖြူရောင်ကားလေးကို နေရာလွတ်မရှိအောင် ကားပတ်ပတ်လည်မှာ တိရိစ္ဆာန်တွေ၊ အိမ်တွေ၊ မိသားစုတွေ၊ လေရဟတ်တွေနဲ့ တခြားအရာတွေ အပါအဝင် ရောင်စုံ ဘောပင်တွေနဲ့ ကောက်ကြောင်းတွေကို ရေးဆွဲတဲ့ ကလေးရဲ့ လက်ရာကို ဖခင်က tik tok မှာ ဂုဏ်ယူစွာ တင်ခဲ့ပါတယ်။

ကလေးဆွဲထားတဲ့ပုံဆိုပေမဲ့ ၎င်းဗီဒီယိုက အာရုံစိုက်မှုများစွာရရှိခဲ့ပါတယ်။ “ပြင်ပလူရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါက မိဘနဲ့ သားသမီးတွေ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ပြီး အမှတ်တရတွေ ဖြစ်ခဲ့တာကို ပြသလိုက်တာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories