နာမည်ကြီး ဝဘ်ဆိုက်တစ်ခုမှ “iPad” ကို မှာယူခဲ့ပေမဲ့ အထုပ်ဖွင့်ကြည့်လိုက်တဲ့အခါ “iPad” အစား “Dove ဆပ်ပြာ “ထုပ်ဖြစ်နေတာကို တွေ့ခဲ့တဲ့ မိန်းကလေး

အသက် ၂၀ နှစ်အရွယ် ကျောင်းသူ မစ္စ Abi Chipchas က နာမည်ကြီးအွန်လိုင်းအမှာစာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ “Amazon” မှ ကျောင်းတက်ရန်အတွက် iPad အသစ်တစ်လုံးကို မှာကြားခဲ့ပါတယ်။ iPad ကြိုးမဲ့ကီးဘုတ်ကို စုစုပေါင်း ပေါင် 500 ကျော်နဲ့ မှာယူခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ပစ္စည်းကို လက်ခံရရှိခဲ့ပါတယ်။ အထုပ်ဖွင့်လိုက်တဲ့အခါမှာ iPad အစား Dove ဆပ်ပြာကို လက်ခံရရှိကြောင်း တွေ့ရှိတဲ့အတွက် သူမ စိတ်ပျက်စွာနဲ့ အခြားသူတွေကို သတိပေးတဲ့အနေနဲ့ အင်တာနက်ပေါ်မျှဝေလာခဲ့ပါတယ်။

သူမရဲ့မှာယူမှုနဲ့ မကိုက်ညီတဲ့ ပစ္စည်းတစ်ခုကို လက်ခံရရှိကြောင်း တွေ့ရှိပြီးနောက် Amazon ကို ချက်ချင်း ဆက်သွယ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ Amazon က သူ့ကို အပြည့်အဝ ပြန်အမ်းမပေးသေးပါဘူး။ ဒါပေမဲ့ သူမက အကြိမ်များစွာ ထပ်မံဆက်သွယ်ခဲ့ပြီး ၎င်းတို့က သူမကို ငွေအပြည့်ပြန်အမ်းပေးပြီး အမှားအတွက် တောင်းပန်ခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories