အစ်မအရင်းနဲ့ ညားသွားတဲ့ သူမရဲ့ကောင်လေး မင်္ဂလာဆောင်ကို တတ်ရောက်ခဲ့ပေမဲ့ ရင်ထဲက နာကျင်မှုတွေကြောင့် မျက်ရည်ကျခဲ့တဲ့ မိန်းကလေး

ချစ်ရတဲ့သူတစ်ယောက်နဲ့ လမ်းခွဲလိုက်တာက အနာကျင်ဆုံးပါပဲ။ ဒါပေမယ့် သူလက်ထပ်တော့မယ်ဆိုတာကို သိလိုက်ရပြန်တော့ ပိုလို့တောင် စိတ်ထိခိုက်ရပါတယ်။ အင်ဒိုနီးရှားက မိန်းကလေးလိုပါပဲ။ ဗီဒီယိုထဲမှာ ခရမ်းရောင်ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ သတို့သားနဲ့ သတို့သမီးရဲ့ ဘေးချင်းကပ်လျက်မှာ ဝမ်းနည်းစွာ ကြည့်နေခဲ့ပါတယ်။

မိန်းကလေး caption မှာ “2023 ခုနှစ်ရဲ့အစမှာ ငါ့အတွက်အံ့အားသင့်စရာပါပဲ၊ ကျွန်မရဲ့ကောင်လေး ငါ့အစ်မ နဲ့ လက်ထပ်သွားတယ်။ ကံကြမ္မာကို ယုံကြည်ပေမယ့် ဒီလောက်မြန်မယ်လို့ မထင်ထားဘူး။ ငါစိတ်မဆိုးပါဘူး၊ ဒေါသမထွက်ဘူး၊ ဒါပေမဲ့ သူတို့နှစ်ယောက်ကို တွေ့ရင် ငိုချင်လာတယ်။ ငါလက်ခံဖို့ အဆင်သင့်မဖြစ်သေးပါဘူး”လို့ ရေးခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကို သူ့မိသားစုက သိတယ်လို့လည်း သူမက ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲနဲ့ အလုပ်ရှုပ်နေတာကြောင့် သူတို့ သူမကို မနှစ်သိမ့်ခဲ့ကြပါဘူး။

JRose(Tgidailynews)

Zawgyi

အစ္မအရင္းနဲ႔ ညားသြားတဲ့ သူမရဲ႕ေကာင္ေလး မဂၤလာေဆာင္ကို တတ္ေရာက္ခဲ့ေပမဲ့ ရင္ထဲက နာက်င္မႈေတြေၾကာင့္ မ်က္ရည္က်ခဲ့တဲ့ မိန္းကေလး

ခ်စ္ရတဲ့သူတစ္ေယာက္နဲ႔ လမ္းခြဲလိုက္တာက အနာက်င္ဆုံးပါပဲ။ ဒါေပမယ့္ သူလက္ထပ္ေတာ့မယ္ဆိုတာကို သိလိုက္ရျပန္ေတာ့ ပိုလို႔ေတာင္ စိတ္ထိခိုက္ရပါတယ္။ အင္ဒိုနီးရွားက မိန္းကေလးလိုပါပဲ။ ဗီဒီယိုထဲမွာ ခရမ္းေရာင္ဝတ္ထားတဲ့ အမ်ိဳးသမီးတစ္ဦးဟာ သတို႔သားနဲ႔ သတို႔သမီးရဲ႕ ေဘးခ်င္းကပ္လ်က္မွာ ဝမ္းနည္းစြာ ၾကည့္ေနခဲ့ပါတယ္။

မိန္းကေလး caption မွာ “2023 ခုႏွစ္ရဲ႕အစမွာ ငါ့အတြက္အံ့အားသင့္စရာပါပဲ၊ ကြၽန္မရဲ႕ေကာင္ေလး ငါ့အစ္မ နဲ႔ လက္ထပ္သြားတယ္။ ကံၾကမၼာကို ယုံၾကည္ေပမယ့္ ဒီေလာက္ျမန္မယ္လို႔ မထင္ထားဘူး။ ငါစိတ္မဆိုးပါဘူး၊ ေဒါသမထြက္ဘူး၊ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ကို ေတြ႕ရင္ ငိုခ်င္လာတယ္။ ငါလက္ခံဖို႔ အဆင္သင့္မျဖစ္ေသးပါဘူး”လို႔ ေရးခဲ့ပါတယ္။ ျဖစ္ပ်က္ခဲ့တာေတြကို သူ႔မိသားစုက သိတယ္လို႔လည္း သူမက ဖြင့္ဟခဲ့ပါတယ္။ ဒါေပမယ့္ ဒီပြဲနဲ႔ အလုပ္ရႈပ္ေနတာေၾကာင့္ သူတို႔ သူမကို မႏွစ္သိမ့္ခဲ့ၾကပါဘူး။

JRose(Tgidailynews)

  • Leave a Comment

Categories